Fact Check: အစ္စ‌ရေးမှာ ပြည်သူတွေ ဘေးလွတ်ရာ တောင်ကုန်းတွေဆီ သွားရောက်ခိုလှုံနေတဲ့ မြင်ကွင်းလား – မဟုတ်ပါ

အစ္စ‌ရေးမှာ ပြည်သူတွေ ဘေးလွတ်ရာ တောင်ကုန်းတွေဆီ သွားရောက်ခိုလှုံနေတဲ့ မြင်ကွင်းဆိုပြီး ကုန်းပြင်မြင့်တွေကြားမှာ လူရာပေါင်းများစွာ လှုပ်ရှားသွားလာနေတဲ့ ဗွီဒီယိုတခု ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းမှားသာဖြစ်တယ်။ ဗွီဒီယိုဟာ နီပေါမှာ မှိုရှာနေတဲ့ မြင်ကွင်းသာဖြစ်တယ်။ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်းမှာ အီရန်ဘက်က လက်တုန့်ပြန် ပစ်ခတ်မှုတွေကြောင့် အစ္စရေးမှာလည်း ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “အစ္စရေးပြည်သူများ ဘေးလွတ်ရာ တောင်တန်းများသို့ ခိုလှုံ  ==============  အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲတွင် အီရန်နှင့် ရင်ဆိုင်ဖြစ်ပွားနေသော အစ္စရေး အစိုးရ၏ ဗုံးကြဲတိုက်ခိုက်မှု့ကြောင့် အီရန်ပြည်သူ ၁၂၀၀ ကျော် သေဆုံးခဲ့ကြောင်း အဆိုပါ သေဆုံးမှု့ထဲတွင် စာသင်ကျောင်းထဲက ကလေးငယ်ပေါင်း ၁၃၀ […]

Continue Reading

Fact Check: လက်ရှိပဋိပက္ခမှာ အစ္စရေးအသုံးပြုနေတဲ့ Iron Beam ‌လေဆာ လက်နက် လား- မဟုတ်ပါ

လက်ရှိ အစ္စရေး-ဟားမတ်စ်စစ်ပွဲမှာ အစ္စရေးထုတ်သုံးလာတဲ့  Iron Beam လေဆာသုံးဒုံးခွင်လက်နက်လို့ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ ဒီလက်နက်ကို လက်ရှိစစ်ပွဲမှာ သုံးနေပြီဆိုတဲ့အထောက်အထားမရှိပါဘူး။ ဒီဗွီဒီယိုဟာ အွန်လိုင်းမှာ မျှဝေထားတာ အနည်းဆုံး  ၁ လဝန်းကျင်ရှိပြီဖြစ်ပါတယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “လက်ရှိ အစ္စရေး vs ပါလက်စတိုင်း စစ်ပွဲတွင် အစ္စရေး မှ ပွဲထုတ်လာသော Iron Beam Best. laser Anti-Missile လက်နက် #kokhant” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဒီဗွီဒီယိုဟာ လက်ရှိ  အစ္စရေး-ဟားမတ်စ်စစ်ပွဲမတိုင်ခင်ကတည်းက အွန်လိုင်းမှာ […]

Continue Reading