Fact Check: ဘင်္ဂလာဒေ့ရှ်မှာ စက်သုံးဆီဝယ်မရလို့ ဆန္ဒပြနေကြတာလား-မဟုတ်ပါ
ဘင်္ဂလားဒေ့ရ်ုနိုင်ငံမှာတော့စက်သုံးဆီဈေးကြီး ပေးဝယ်တာတောင်ဝယ်မရလို့ ပြဿနာတက်နေတယ်လို့ ဆိုထားတဲ့ဗွီဒီယို တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားတစ်ခုဖြစ်ပါတယ်။ တကယ်တော့ ဗွီဒီယိုဟာ ၂၀၁၃ ခုနှစ်ကတည်း အင်တာနက်မှာပျံ့နှံ့နေပြီး အစ္စလာမ်ဘာသာရေးသမားအချို့ ဘာသာရေးဉပဒေတစ်ခုကို မကြေနပ်လို့ဆန္ဒပြရင်း ပြဿနာတက်တဲ့ ဗွီဒီယိုဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ လမ်းပေါ်မှာ ပစ္စည်းတွေကို မီးပုံရှို့ထားပြီး ခဲတွေနဲ့ ပစ်ပေါက်နေတဲ့ လူအုပ်ကြီးနဲ့ ရဲတွေနဲ့ ထိပ်တိုက်တွေ့နေတဲ့ မြင်ကွင်းတွေပါဝင်ပါတယ်။ “အမေရိကန်အောက်ဆွဲဘင်္ဂလားဒေ့ရ်ုနိုင်ငံမှာတော့စက်သုံးဆီဈေးကြီး ပေးဝယ်တာတောင်ဝယ်မရလို့ စောက်ပြသနာတက်နေပြီ နီပိန်တွေပြောတော့ မအလ အာဏာထိန်းလို့ ဆီဈေးတက်ရတာဆို”လို့ ရေးသားပြီး “Foe Foe Thar Din” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုပါမြင်ကွင်းကို ရုပ်သေဓာတ်ပုံထုတ်ပြီး Google […]
Continue Reading