Fact Check: အဆိုတော်ဗျူဟာ အဖမ်းခံရပြီးနောက် သေဆုံးမှုသတင်းမှား

လျှပ်စစ်မီးပုံမှန်မရတဲ့အပေါ် စစ်ကောင်စီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်နဲ့ ချိန်ထိုးဝေဖန်ခဲ့တဲ့  အဆိုတော် ဗျူဟာကို စစ်ကောင်စီတပ်က ဖမ်းဆီးအပြီး စစ်ဆေးမေးမြန်မှုအတွင်း သေဆုံးသွားတယ်ဆိုပြီး ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်တွေ ပျံ့နှံ့မှု အားကောင်းခဲ့ပါတယ်။ စစ်တပ်ခေါင်းဆောင်နဲ့ စစ်ကောင်စီ ခန့်လျှပ်စစ်ဝန်ကြီးကို မေလ ၂၃ ရက်မှာ သူ့ဖေ့စ်ဘွတ် စာမျက်နှာကတဆင့် အဆိုတော် ဗျူဟာက ဝေဖန်လို့ဆိုပြီး မေ ၂၄ ရက်မှာ အဖမ်းခံခဲ့ရပါတယ်။  အောက်ပါ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ကို ရိုက်ကူးထားခြးဖြစ်တယ်။ အလားတူ တူညီတဲ့ရေးသားမျှဝေမှုကိုလည်း ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် အဆိုတော် ဗျူဟာ သေဆုံးတဲ့ သတင်းကို သူ့ရဲ့ အိမ်နီးချင်းဆိုသူအမျိုးသမီးရဲ့ ဖေစ့်ဘွတ်အကောင့်က မေလ ၂၆ […]

Continue Reading

Fact Check: Justin Bieber ဗုဒ္ဓဘာသာအဖြစ်ကူးပြောင်းပြီး သာသနာ့ဘောင် ဝင်ရောက်ဆိုတဲ့ သတင်းတု

အမေရိကန် အဆိုတော် Taylor Swift တစ်ယောက် ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူသွားပြီးနောက် ကနေဒါနာမည် ကြီးအဆိုတော် Justin Bieber ကလည်း ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူကာ ဘုန်းကြီးဝတ်သွားတယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ပြောဆိုချက်ဟာ မှားယွင်းပါတယ်။ “ယနေ့ အဆို‌တော်Taylor Swiftတစ်ယောက် ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူသွားပြီးနောက် အဆိုတော်Justin Bieberဟာလည်း အားကျမခံ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူကာ ဘုန်းကြီးဝတ်သွားတယ်လို့သိရပါတယ်။ ဒီလိုကမ္ဘာ့ထိပ်သီးအဆိုတော်ကြီးနှစ်ဦးရဲ့ ဗုဒ္ဓဘာသာဝင်အဖြစ်ကူးပြောင်းမှုကြောင့် တခြားဘယ်အနုပညာရှင်တွေရော ပါဝင်ကြဦးမလဲဆိုတာ စိတ်ဝင်စားစွာ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအတွက်ကတော့ အင်မတန်ဝမ်းမြောက်ဂုဏ်ယူစရာပါ။”လို့ ရေးသားပြီး “Felix Luffy” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အဓိကျတဲ့စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ Justin Bieber […]

Continue Reading

Fact Check:  Taylor Swift သေဆုံးမှု သတင်းတုသတင်းမှားသာဖြစ်တယ်

အမေရိကန်အဆိုတော် Taylor Swift မိမိကိုယ်မိမိအဆုံးစီရင်သွားတယ်ဆိုပြီးတော့  ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ တကယ်တော့ သတင်းတုသတင်းမှားတစ်ခုသာဖြစ်ပါတယ်။ “Breaking News အမေရိကန်အဆိုတော် Taylor Swift မိမိကိုယ်မိမိအဆုံးစီရင်သွား”လို့ရေးသားထားသလို “အမေရိကန်နာမည်ကြီးအဆိုတော် Taylor Swiftသည်  ယနေ့ New York စံတော်ချိန် မနက် ၈ နာရီ (မြန်မာစံတော်ချိန် ည ၆နာရီခွဲ) ခန့်က ရုတ်တရက် မိမိကိုယ်မိမိ အဆုံးစီရင်သွားကြောင်းသိရသည်။ အတူနေထိုင်သူများ၏ ပြောကြားချက်အရ သေကြောင်းမကြံခင်က ၎င်းသည် ရုပ်သံလိုင်းတစ်ခုမှ ဖျော်ဖြေရေးအစီအစဉ်များကို စိတ်ဝင်တစား ကြည့်ရှု‌နေခဲ့သေးကြောင်း၊ ၎င်းတွင် စိတ်ညစ်စရာရှိသည်ဟု မကြားဖူးသေးကြောင်း ပြောကြားသည်။ Taylor Swift သည် သေဆုံးချိန်၌ အသက် ၃၂နှစ် ခန့်သာရှိသေးပြီး သန်း ၄၀၀ကျော် […]

Continue Reading