Fact Check: KNU နဲ့ဆက်သွယ်လို့ အနုပညာရှင်တွေ အဖမ်းခံရဆိုတဲ့ သတင်းတု

ကရင်အမျိုးသားအစည်းအရုံး(KNU)ထဲ ဝင်ဖို့လုပ်တဲ့အတွက် အနုပညာရှင်တွေ အဖမ်းခံရတယ်လို့ဆိုထားတဲ့ သတင်းမှားဗွီဒီယိုတွေ ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဖေဖော်ဝါရီ ၂၆ ရက်ကစတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှူ့မှုပေါင်း ၆၀၀၀၀ကျော်ရရှိ ထားတယ်။ “KNU ထဲသွားမယ့် မြင့်မြတ် အဖမ်းခံရပြီ” မူရင်းလင်ခ့် – Youtube link | Archive link ဒီအပြင် သရုပ်ဆောင်နေတိုး၊ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်တို့လည်း KNU ထဲသွားဖို့ ပြင်နေစဉ်အဖမ်းခံရတယ် ဆိုပြီးတော့ ရေးသားမျှဝေထားပါသေးတယ်။ ယူကျူ့ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။ အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖော်ပြထားတဲ့ Channel P အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အနုပညာရှင်တွေနဲ့ ပတ်သတ်တဲ့ အကြောင်း […]

Continue Reading