Fact Check: နစကအစိုးရဖျက်သိမ်းလိုက်ကြောင်းမင်းအောင်လှိုင်ကြေညာတဲ့ သတင်းတု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) အစိုးရကို ဖျက်သိမ်းလိုက်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကြေညာဆိုတဲ့ ပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “(၂၂)ရက်နေ့ အထူးသတင်း နကစအစိုးရ ဖျက်သိမ်းလိုက်ကြောင်း မင်းအောင်လှိုင် ရှုံးမဲမဲနဲ့ ကြေညာပြီ” လို့ဆိုပြီး  “Share Local Media” အမည်နဲ့ယူကျု့ချန်နယ်ကနေ ရေးသားဖြန့်ဝေခဲ့တာတွေ့ရပါတယ်။ အလားတူ တူညီတဲ့ ဗွီဒီယိုပို့စ်ကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် သတင်းခေါင်းစဉ်မှာ တပ်ထားသလို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နကစ) အစိုးရကို ဖျက်သိမ်းလိုက် ကြောင်း မင်းအောင်လှိုင်ကြေညာဆိုတဲ့ အကြောင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းဌာနတွေက ဖော်ပြချက်ကို မတွေ့ရှိရပါဘူး။  ဗွီဒီယိုထဲမှာလည်း ဒီအကြောင်းအရာမပါဝင်ပါဘူး။ ဗွီဒီယိုထဲမှာပါဝင်တဲ့ သတင်းအကြောင်းအရာတွေက […]

Continue Reading