Fact Check: အမေများနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းတု

အမေများနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့ ယူကျူ့မှာဖြန့်ဝေထားတာဟာ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ တဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “အာနာသိမ်းခိုင်းတဲ့ဆရာကြီးကိုဖမ်းချုတ်ပြီး  အမေ့များနေ့မှာ အမေစုကိုလွတ်ပေးလိုက်ပြီ တနိုင်ငံလုံးဝမ်းသာစရာသတင်းထူး”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာ အမေများနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပေးလိုက်ပြီလို့ဆိုထားပေမယ့် တကယ်တော့ ဒီဗွီဒီယိုတခုလုံးမှာလည်း ဒီအကြောင်းအရာမပါဝင်ပါဘူး။ ဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက် တဲ့သတင်းကို လွတ်လပ်တဲ့ သတင်းဌာနတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မရှိပါဘူး။ တကယ်တမ်း ဗွီဒီယိုထဲမှာ ယူကျူ့အသုံးပြုသူတဦးက စစ်တပ်က အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြနေတဲ့ စစ်တပ်ထောက်တိုင်တွေဟာလည်း ရူးကြောင်ကြောင်လုပ်ရပ်ဖြစ်ကြောင်း၊ အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြတာထက် နေပြည်တော်မှာ ဆန္ဒပြသင့်ကြောင်း၊ ယနေ့ဖြစ်ပျက်နေတဲ့ […]

Continue Reading