Fact Check: စစ်ကောင်စီကို ဖယ်ရှားဖို့ အမေရိကန်နဲ့ ဗြိတိန်ဦးဆောင်ပြီး နိုင်ငံပေါင်း ၉၃ နိုင်ငံကြေညာတဲ့ သတင်းတု
စစ်ကောင်စီကို ဖယ်ရှားဖို့ အမေရိကန်နဲ့ ဗြိတိန်ဦးဆောင်ပြီး နိုင်ငံပေါင်း ၉၃ နိုင်ငံကြေညာတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “အရေးပေါ်ကြေညာလိုက်ပြီ အမေရိကန်နဲ့ဗြိတိန် ဦးဆောင်ပြီ စစ်ကောင်စီကိုဖယ်ရှားရန်(၉၃)နိုင်ငံကြေငြာ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး အခုလိုပဲ သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုပါအကြောင်းအရာဟာ ဘီဘီစီမြန်မာပိုင်းမှာဖော်ပြခဲ့တဲ့ “မြန်မာကို နိုင်ငံသားတွေခရီးမသွားဖို့ တားမြစ်ချက် ယူကေအပြင် အမေရိကန်ပါထပ်ပြော”ဆိုတဲ့ သတင်းကို […]
Continue Reading
