Fact Check: စစ်ခေါင်းဆောင် ကျည်ထိမှန်ပြီး အရေးပေါ်ခွဲစိပ်မှုခံနေရတယ်ဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပစ်ခတ်ခံရပြီး ကျည်ထိမှန်လို အရေးပေါ်ခွဲစိပ်ကုသနေရတယ် ဆိုတဲ့ ဗွီဒီယိုကို “Khit Thit Media ”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ သတင်းတုတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “စစ်ခေါင်း‌ဆောင် ပစ်ခတ်ခံရ လုံခြုံရေးတင်းကြပ်သည့်ကြား မင်းအောင်လှိုင် ကျဉ်ထိမှန်၊ အရေးပေါ်ခွဲစိပ်မှုခံနေရ” Original link | Archive link အချက်အလက်စိစစ်ချက် ပထမဆုံးအနေနဲ့ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ကိုကြည့်မယ်ဆို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့အမည်နာမကို တုပထားတဲ့ ချန်နယ်တခု ဖြစ်တာတွေ့ရပါတယ်။ ဒီအပြင် ဒီချန်နယ်ဟာ မီဒီယာတချို့မှာ ‌‌ဖော်ပြခဲ့ပြီးတဲ့အကြောင်းအရာတွေ ဒါမှမဟုတ် လုပ်ကြံရေးသားဖြန့်ဝေမှုတွေကို ပြုလုပ်တဲ့ […]

Continue Reading