Fact Check: ဒလန်တွေစီးလာတဲ့ ဘက်စ်ကားကို PDF တွေ RPG နဲ့ထုတယ်ဆိုတဲ့ သတင်းမှား
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက ဒလံတွေစီးလားတဲ့ ဘက်စ်ကားကို ပခုံးထမ်းလောင်ချာ(RPG)နဲ့ မိုင် ၁၀၀ အကွာကနေ ထုလိုက်တဲ့ ဓာတ်ပုံဆိုပြီးတော့ မီးလောင်နေတဲ့အစိမ်းရောင်ဘက်စကားတစ်စီးဓာတ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ဂဏန်းက မျှဝေလျှက်ရှိပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံဟာ ၂၀၁၆ ခုနှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိတာတွေ့ရပြီး ဆီရီးယားနိုင်ငံက ဖြစ်စဉ်တစ်ခုဖြစ်တာတွေ့ရပါတယ်။ “PDF လူငယ်လေးတွေ အရမ်းကိုစစ်ရေးစွမ်းရည်တွေတက်လာပြီဗျ စကစ ရဲ့ ဒလန်တွေ စီးလာ တဲ့ကားကို မိုင် 100 အကွာ ကနေ RPGနဲ့ လှမ်းထု လိုက်တာ မြင်တဲ့အတိုင်း မွင်းခါးတွေဖြစ်ကုန်ပြီး #အရေးတော်ပုံအောင်ရမည် #Savemyanmar”လို့ ရေးသားပြီး “Kyaw Win Naing”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုက အောက်ပါအတိုင်း မျှဝေထားပါတယ်။ တူညီစွာရေးသားထားတဲ့ ပို့စ်အချို့ကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb […]
Continue Reading