Fact Check: စစ်ကောင်စီက အာဏာပြန်လွှဲဖို့ ပြောတဲ့ သတင်းတု

စစ်ကောင်စီက အာဏာပြန်လွှဲဖို့ ကြေညာတယ်ဆိုတဲ့ ဗွီဒီယိုတွေ “Local Celegram”အမည်နဲ့ ယူကျူ့ ချန်နယ်က ဆက်တိုက်ဖြန့်ဝေနေတာဟာ သတင်းတုတွေ သာဖြစ်တယ်။  ဒီယူကျူ့ချန်နယ်မှာ ဖြန့်ဝေထားတဲ့  ဗွီဒီယိုပို့စ်စခရင်ရှော့ဓာတ်ပုံနဲ့ ဗွီဒီယိုအစမှာပြသတဲ့ စာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ယနေ့ အာဆီယံအစည်းအဝေးပွဲမှာ ထူးပြီဟေ့ အာဏာပြန်လွဲတော့မည်ဟု ကြေညာ ကမ္ဘာ့နိုင်ငံအားလုံး အံ့ဩထိတ်လန့်ကုန်ကြပြီ” မူရင်းလင်ခ့် – Youtube link | Archive link အလားတူတဲ့ မျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့နိုင်တယ်။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တု ဒါမှမဟုတ် သတင်းခေါင်းစဉ်လွဲ ဒါမှမဟုတ် လုပ်ကြံသတင်းတွေနဲ့ ရောနှော ဖြန့်ချိလေ့ရှိပါတယ်။ Fact Crescendo […]

Continue Reading