Fact Check: နေပြည်တော်မှာ စစ်ခေါင်းဆောင် အာဏာအသိမ်းခံရပြီး အရေးပေါ် ဖုန်းတွေ ဖြတ်တောက်ထားဆိုတဲ့ သတင်းတု
စစ်ခေါင်းဆောင်နေအိမ်ကို စစ်ကားတွေနဲ့ ဝိုင်းထားပြီး အရေးပေါ်ဖုန်းလိုင်တွေပါဖြတ်တောက်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက် ဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “နေပြည်တော် အမှောင်ချလိုက်ပြီ စစ်ခေါင်းဆောင်နေအိမ် စစ်ကားအပြည့်နဲ့ ဥဩသံဆွဲနေပြီ အရေးပေါ်ဖုန်းလိုင်းတွေဖြတ်တောက်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။ “Khit Thit Media” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အမှန်တကယ် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ “ရန်ကုန်ခေတ်သစ်သတင်းဌာန” ကိုတုပထားပြီး အခုလိုပဲ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကို ပြန်လည် ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတွေ လုပ်ကြံရေးသားကာ ဖြန့်ဝေနေတဲ့ နေရာတခု ဖြစ်တာတွေ့ရပါတယ်။ Fact […]
Continue Reading