Fact Check: ဒီဓာတ်ပုံက NUG ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင် မင်္ဂလာဆောင် တဲ့ပုံလား- မဟုတ်ပါ

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ရဲ့ မင်္ဂလာဆောင်လို့ဆိုထားတဲ့ ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့လျှက်ရှိပါတယ်။  တကယ်တော့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။  “အနူဂျီးမှာ ဒုဝန်ကြီးဆိုလား အိသင်ဇာမောင်ကတော့ အရီးဒေါ်ပုံအောင်တဲ့ အထိ မစောင့်နိုင်​ေတာ့လို့ပါတဲ့ ကတ်လားနဲ့ မဂ်လာဆောင်လိုက်ပါပြီ”လို့ရေးသားပြီး “ဗိုလ်အောင်ဒင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဓာတ်ပုံ ၆ ပုံနှင့်အတူ အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၆၀၀ ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link   အလားတူမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့နှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့ခဲ့ဖူးတာကို Fact Crescendo အနေနဲ့ သတိပြုမိပါတယ်။ ဖေ့စ်ဘွတ်မှာ အဓိကကျတဲ့ စကားလုံးအချို့ကို အသုံးပြုပြီး ရလာဒ်တွေကို ရှာဖွေကြည့်ရာမှာ “GX”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ၂၀၂၁ ခုနှစ် […]

Continue Reading