Fact Check: အိုးဘိုထောင်ကို တိုက်ခိုက်ပြီး သမ္မတဦးဝင်းမြင့်အပါအဝင် ၄၀၀ ကျော်ကို ကယ်ထုတ်ဆိုတဲ့ သတင်းတု

အိုးဘိုထောင်ကို တိုက်ခိုက်ပြီး သမ္မတဦးဝင်းမြင့်အပါအဝင် ၄၀၀ ကျော်ကို ကယ်ထုတ်တယ်ဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ဝေမှုသာ ဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “အိုးဘိုထောင် တိုက်ခိုက်ခံရ အကျဉ်းသား ၄၀၀ ခန့် ကယ်ထုတ်ပြီး သမ္မတကြီး ပါဝင် မန္တလေး နာမည်ကြီး အိုးဘိုထောင် ဖောက်ထွင်းခံရ သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ကျဉ်း အများအပြား ကယ်ထုတ်” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ […]

Continue Reading

Fact Check: မန္တလေး အိုးဘိုထောင်ကို PDF တွေ ဝင်စီးတဲ့ သတင်းတု

မန္တလေး အိုးဘိုထောင်ကို PDF တွေ ဝင်စီးပြီး ထောင်သားအားလုံးလွတ်လာတယ် ဆိုတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာ ကြည့်ပါ။ “မနက်အထူးသတင်းကြီး မန္တလေးအိုးဘိုထောင် PDF မီးရှို့ပြီ ထောင်မှူးနဲ့ရဲခွေးတွေကိုလည်ပင်းကြိုးစွပ်ပြီး ထောင်ပေါက်ဝမှအကုန်ချိတ်ဆွဲထားလိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ကိုကြည့်မယ်ဆိုရင် မီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့  သတင်းတွေကို သတင်းခေါင်းစဉ်တု ဒါမှမဟုတ် ခေါင်းစဉ်လွဲတွေတပ်ကာ ဆက်တိုက်ဖြန့်ချိနေတာတွေ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ဒီချန်နယ်ဟာ စလော့ဂိမ်းတွေကို ကြော်ငြာပေးတဲ့နေရာအဖြစ် ပြောင်းလဲထားပါတယ်။  ဩဂုတ် ၅ ရက်မှာ ဖြန့်ဝေခဲ့တဲ့ […]

Continue Reading

Fact Check: မန္တလေးအိုးဘိုထောင်ကို PDF သိမ်းပြီး အကျဉ်းထောင်အရာရှိနဲ့ ထောင်သားတွေကို ပစ်သတ်ဆိုတဲ့ သတင်းတု

မန္တလေးအိုးဘိုထောင်ကို PDF သိမ်းပြီး အကျဉ်းထောင်အရာရှိနဲ့ ထောင်သားတွေကို ပစ်သတ်လိုက်တယ်လို့ ဆိုတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိတာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “အကျဉ်းသား ၉၀၀၀ လွတ်ပြီ  မန္တလေးအိုးဘို‌ထောင် PDF သိမ်းပြီ အကျဉ်းထောင်အရာရှိကို ဖမ်းဆီးပြီးမီးရှို့သတ် မုဒိမ်းမှုလူသတ်မှုနဲ့ကျသူတွေကိုတစ်ခါတည်းပစ်သတ်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ ကန့်ဘလူ မလည်ကျေးရွာမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ အကြားတိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်၊ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်း ဒေါနတောင်ကြော စစ်ကြောင်း​ကြောင်းထိုးရာ လန်ကျ၊ ရန်ကုန်-ပြည် ကားလမ်းပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၃ […]

Continue Reading