Fact Check: ဒေါ်အောင်ဆန်းစုကြည် ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြန်လွတ်လာပြီဆိုတဲ့ သတင်းခေါင်းစဉ်တု
ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာ ၁ ရက်မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ သတင်းမှားဖြစ်ပါတယ်။ “၁ရက်နေ့အမေစုကိုလွှတ်လိုက်ပြီလို့မအလ ကြေညာချက် ထုတ်”လို့ ရေးသားပြီး “L Boy” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအဖွင့်မှာပြသတဲ့ thumbnail ဓာတ်ပုံစာသားထဲမှာလည်း “၁ရက်နေ့မှာ မင်းတို့အမေစုကို လွှတ်လိုက်ပြီ ၁ ရက်နေ့ မင်းအောင်လှိုင်ကြေညာ ရန်ကုန်သားတွေကြိုဆိုအောင်ပွဲခံကြ”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် သတင်းမီဒီယာတွေမှာဖော်ပြပြီး အကြောင်းအရာတွေကိုပဲ ဗွီဒီယိုပုံစံနဲ့ သတင်းတွေကို ပြန်လည်ဖတ်ကြား နေခြင်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြန်လည်လွှတ်မြောက်ပြီဆိုတဲ့သတင်းကို ယုံကြည်ရလောက်တဲ့ သတင်းဌာန သို့မဟုတ် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းဌာနတစ်ခုတစ်လေက မှဖော်ပြခြင်း မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ခြံအမှတ် ၅၄ […]
Continue Reading