Fact Check: စစ်ခေါင်းဆောင်ရဲ့သား ပြင်ဦးလွင်မှာ ပစ်သတ်ခံရတဲ့ သတင်းတု

စစ်ခေါင်းဆောင်ရဲ့သား ပြင်ဦးလွင်မှာ ပစ်သတ်ခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ဝေမှုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ကြည့်ရှု့မှုများပြားနေတဲ့ ယူကျူ့ ဗွီဒီယိုနဲ့ ဒီဗွီဒီယို ပါစာသားကောက်နုတ်ချက်ဖြစ်ပါ တယ်။  “ပြင်ဦးလွင်ရောက်နေတဲ့ မအလသား အောင်ပြည့်စုံ စနိုက်ဘာနဲ့ ပစ်သတ်ခံရ(ရုပ်/သံ) ရန်ကုန်ခေတ်သစ် ပြုံးပြုံးလေးနဲ့ အတည်ပြုကြေညာပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Burma Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီး ဖြစ်တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  အခုလည်း […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မလွှတ်ရင် ဖမ်းထားတဲ့ စစ်ခေါင်းဆောင်ရဲ့ သားကို သတ်ပစ်မယ်လို့ ထိုင်းပြောတဲ့ သတင်းတု 

မြန်မာစစ်ခေါင်းဆောင်ရဲ့ သား အောင်ပြည့်စုံ ထိုင်းနိုင်ငံမှာ အဖမ်းခံထားရပြီး ၂၄ နာရီအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့နဲ့ မလွှတ်ရင် ဖမ်းထားတဲ့ သားဖြစ်သူကို သတ်ပစ်မယ်လို့ ထိုင်းဘက်က ပြောတယ်လို့ဆိုပြီး  ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ လုပ်ကြံရေးသားပြောဆိုချက်သာ ဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ကြည့်ရှု့မှုများပြားနေတဲ့ ယူကျူ့ ဗွီဒီယိုနဲ့ ဒီဗွီဒီယို ပါစာသားကောက်နုတ်ချက်ဖြစ်ပါ တယ်။  “ထိုင်းနိုင်ငံမှာ အောင်ပြည့်စုံ အဖမ်းခံရ (၂၄)နာရီအတွင်း အမေစုကို မလွတ်ပါက  အဖေကိုယ်စား သတ်ပစ်မည်ဟု ထိုင်းပြော” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီး ဖြစ်တဲ့ သတင်းတွေကို […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်သား အသတ်ခံရတဲ့ သတင်းခေါင်းစဉ်တု

စစ်ခေါင်း‌‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သားဖြစ်သူ အောင်ပြည့်စုံ အောက်တိုဘာ ၂၈ ရက်မှာ အသတ်ခံလိုက်ရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာ ကြည့်ရှူ့မှု များပြားလျှက်ရှိပါတယ်။  တကယ်တော့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ၉ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုအစမှာ “မအလ အချစ်ဆုံးသား ယနေ့(၂၈)နေ့မှာ အသတ်ခံလိုက်ရပြီ သူ့သားအလောင်းကို နေ ပြည်တော် ပြန်ပို့ပီ “စသည်ဖြင့် ဗွီဒီယိုပို့စ်မှာ ရေးသားထားပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုရဲ့ စခရင်ရှော့ဓာတ်ပုံဖြစ်တယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် “Khit Thit channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြပြီးနောက် ရေပန်းစားခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တု၊ ဒါမှမဟုတ် နားလည်မှု လွဲစေနိုင်တဲ့ ခေါင်းစဉ်မှားတွေတပ်ပြီး […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်သား ဗြိတိန်မှာ အဖမ်းခံရမှု သတင်းမှား

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံကို ဗြိတိန်ရဲတပ်ဖွဲ့က လေဆိပ်မှာ ဖမ်းဆီးလိုက်တဲ့ ရုပ်သံလို့ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှ ပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှားတခုသာ ဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဘလော့ဂ်စာမျက်နှာတခုရဲ့ ဒီနေရာ နဲ့ ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “မင်းအောင်လှိုင် သား အောင်ပြည့်စုံကို  UK ရဲတပ် လေဆိပ်မှာ ဖမ်း (ရုပ်/သံ) MRTV က အတည်ပြုလိုက်ပြီ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “KK Audiobooks”အမည်နဲ့ ယူကျု့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်လွဲ […]

Continue Reading