Fact Check: စစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး မိသားစုလိုက်ပါလာတဲ့လေယာဉ် ပစ်ချခံရတဲ့ သတင်းတု

စစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်း‌ဒွေး မိသားစုလိုက်ပါလာတဲ့လေယာဉ် နေပြည်တော်မှာ ပစ်ချခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျု့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  Also read – Fact Check: ပြည်ပထွက်ပြေးဖို့လုပ်နေတဲ့ ဗိုလ်ချုပ်မိသားစုတွေ လေယာဉ်ပေါ်အတက် မိုင်းခွဲခံရဆိုတဲ့ သတင်းတု ပျံ့နှံ့မှုအားကောင်းနေတဲ့ “မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ တရက်အတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၄ သိန်းကျော် ရှိထားတယ်။ “အထူးလေယာဉ်ပစ်ချခံရ အောင်လင်း‌ဒွေမိသားစုလိုက်ပါလာသည့်အထူးလေယာဉ်  နေပြည်တော်မှာယနေ့နေလည်အချိန်ပစ်ချခံလိုက်ရ”( မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ […]

Continue Reading