Fact Check: Cardiovax နှလုံးဆေးသောက်တဲ့ ၁၀၉ နှစ်ရှိ မြန်မာနှလုံးပညာရှင် ဦးကျော်သူမောင်လား-မဟုတ်ပါ
အသက် ၇၀ မှာ အငြိမ်းစားယူခဲ့ပြီး ထင်ရှားကျော်ကြားတဲ့ မြန်မာနှလုံးပညာရှင် ဦးကျော်သူမောင်ဟာ အခု အသက် ၁၀၉ နှစ်အရွယ်အထိနုပျိုနေဆဲဖြစ်ပြီး သူ့ရဲ့လျို့ဝှက်ချက်ကတော့ Cardiovax နှလုံးဆေးကြောင့် ဖြစ်တယ်လို့ဆိုထားတဲ့ပို့စ်တစ်ခု ဘလောဂ့်စာမျက်နှာတွေမှာပျံ့နှံ့လျှက်ရှိတာတွေ့ရပါတယ်။ တကယ်တော့ သတင်းတု သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ဘလော့ဂ်တစ်ခုမှာဖော်ပြထားတဲ့ စားသားအချို့ဖြစ်ပါတယ်။ သွေးသန့်စင်မှာသာ နှလုံးအတွက် သွေးအတွက်ကောင်းမွန်ကြောင်း ဦးကျော်သူမောင်ကပြောတယ်ဆိုတဲ့ အင်တာဗျူးကိုဖော်ပြ ထားပြီး စာပိုဒ်အဆုံးနားမှာတော့ သွေးကိုသန့်စင်စေနိုင်တဲ့ Cardiovax ဆေးရဲ့အစွမ်းကို ညွှန်းထားပြီး မှာယူဖို့ စာရင်းသွင်းရန်နေရာကို ဖော်ပြထားပါတယ်။အခြားသော ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ ဒီလင့်ခ်မှာလည်း တူညီတဲ့ အင်တာဗျူးဆောင်းပါးကို ရပါတယ်။ “အသက် ၇၀ မှာ အငြိမ်းစားယူခဲ့ပြီး ထင်ရှားကျော်ကြားတဲ့ မြန်မာ နှလုံးပညာရှင် ဦးကျော်သူမောင်ဟာ နှလုံးနဲ့ ကိုယ်ခန္ဓာဟာ ငယ်ရွယ်နုပျိုနေဆဲ ကျန်ရှိခဲ့ပါတယ်။ သူ အငြိမ်းစားယူခဲ့တာ […]
Continue Reading