Fact Check: ဦးဇော်ဌေး ထိုင်းကိုထွက်အပြေးတာဖမ်းမိတယ်ဆိုတဲ့ photoshop ဓာတ်ပုံ

စစ်အာဏာသိမ်းအပြီးမှာ သမ္မတဦးဝင်းမြင့်အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD)က အလုပ်အမှုဆောင်တွေအဖမ်းခံထားရပြီး အရပ်ဖက်အဖွဲ့အစည်းက ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေဟာ ပုန်းရှောင်နေရပါတယ်။ ဒီလိုအခြေအနေမှာပဲ သမ္မတရုံးပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး ထိုင်းကို ထွက်ပြေးစဉ်မှာ ဘောင်းဘီတစ်ထည့်ငွေသားအချို့နဲ့ ဖမ်းဆီးလိုက်တယ်ဆိုပြီး ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ photoshop ဓာတ်ပုံတစ်ခုဖြစ်တာတွေ့ရပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာလည်းအလားတူမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link  အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Yandex မှာ မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ဒီဓာတ်ပုံဟာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု အကြောင်းဖော်ပြထားတဲ့ ရုရှားဘာသာနဲ့ ခရီးသွားဆောင်းပါးတစ်ပုဒ်က ပိုးလုံချည်ဝတ်အမျိုးသားတစ်ဦးရဲ့ ဓာတ်ပုံကိုအသုံးပြုပြီးအတုဖန်တီး ထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် –  Turbina.ru |  Archive link ၂၀၁၈ ခုနှစ်က ရုရှားဘာသာနဲ့ဆောင်းပါးမှာပါတဲ့ မူရင်းဓာတ်ပုံနဲ့ […]

Continue Reading

Fact check: ဒေါက်တာနန္ဒလှမြင့်က ဦးဇော်ဌေးကို တရားစွဲမယ်ဆိုတဲ့ သတင်းအမှား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးကို တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာ တွေ့ရပါတယ်။ ဒီပို့စ်အပြည့်အစုံမှာ “#ဦးဇော်ဌေးအားအရေးယူမည်ဟုသိရ သမ္မတဦးဝင်းမြင့်နှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းတို့သည် ရွေးကောက်ပွဲတွင် ဥပဒေမဲ့လုပ်ရပ်များရှိခဲ့သည်ဟုဆိုကာ အတိုက်အခံပါတီများက စာချွန်တော်လျှောက်ထားမှုအပေါ် ဥပဒေနှင့်ညီခြင်း၊ မညီခြင်းကို တရားလွှတ်တော်ချုပ်မှ ဆုံးဖြတ်ရမည်ဖြစ်ပြီး သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ တာဝန်မဟုတ်ကြောင်း ထို့ပြင် ပြောရန်မသင့်တဲ့ ဥပဒေမဲ့စကားများကို ပြောကြားခဲ့သည့်အတွက် ဦးဇော်ဋ္ဌေးအား အရေးယူသွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါတယ်။ Nay Thurain It is learned that action will be taken against # Zaw Htay President Win Myint and Election Commission Chairman […]

Continue Reading