Fact Check: CRPH၊ NUG တာဝန်ရှိသူတွေရဲ့ ဖက်ဒရယ်အရေး၊ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ပြောစကားအတုတွေ ပျံ့နှံ့
CRPH၊ NUG တာဝန်ရှိသူတွေရဲ့ ဖက်ဒရယ်အရေး၊ တော်လှန်ရေးဆိုင်ရာတွေနဲ့ ပတ်သက်တဲ့ ပြောစကားများ အဖြစ်ဖေ့စ်ဘွတ်မှာဖြန့်ဝေနေတဲ့ ပို့စ်အချို့ဟာ ကာယကံရှင်တွေက ပြောကြားခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုထားပြီး သတင်းတုဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ ပျံ့နှံ့နေတဲ့ ပို့စ်တွေမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ NUG ပြောခွင့်ရ ဦးနေဘုန်းလတ် တို့ရဲ့ ဖက်ဒရယ်အရေး၊ တော်လှန်ရေးနဲ့ပတ်သက်ပြီးပြောကြားချက်တွေပါဝင်ပြီး ဒီပြောဆိုချက်တွေဟာ အတုသာဖြစ်တယ်လို့ ကာယကံရှင်တွေက အတည်ပြုပါတယ်။ အောက်ပါ စခရင်ရွှတ်ကတော့ ဦးအောင်ကြည်ညွှန့်ပြောစကားများအဖြစ် ဖြန့်ဝေထားတဲ့ ပို့စ်တစ်ခုရဲ့ မြင်ကွင်းဖြစ်ပါတယ်။ ဦးအောင်ကြည်ညွှန့် ဓာတ်ပုံနဲ့အတူ “ဗမာပြည်နယ်တွေ ဖက်ဒရယ်ဖွဲ့စည်းပုံတွေဆိုတာ အမေစုမပါဘဲ ကျွန်တော်တို့သဘောနဲ့ ဆုံးဖြတ်ချက်မချရဘူး အဲ့တော့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ချင်ရင် တိုင်းရင်း သားအားလုံးက အမေစု ပြန်လွတ်လာအောင် စစ်တိုက်ပေး”လို့ရေးသား ဖြန့်ချိထားပါတယ်။ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ […]
Continue Reading