Fact Check: ဒေါ်စုကို သစ္စာဖောက် စစ်တပ်အလိုကျလုပ်နေတဲ့ ဦးဖြိုးမင်းသိန်းပစ်သတ်ခံရဆိုတဲ့ သတင်းမှား

ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာဖောက်ပြီး စစ်တပ်အလိုကျလုပ်နေတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း ပစ်သတ်ခံရတယ်လို့ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ သတင်းမှားသာဖြစ်တယ်။ ဦးဖြိုးမင်းသိန်းအပါအဝင် NLD အလုပ်အမှုဆောင် ၄ ဦးကို ပါတီက ထုတ်ပယ်မှုသတင်းကို သတင်းခေါင်းစဉ်တုနဲ့ဖြန့်ချိနေခြင်းဖြစ်တယ်။ “ဒေါ်စုကို သစ္စာဖောက် စစ်တပ်အလို ကျ ကိုယ်ကျိုးရှာနေတဲ့ ဦးဖြိုးမင်းသိန်း စောစောလစ် သွားပြီ”လို့ ရေးသားပြီး “A Sone Thi” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဗွီဒီယိုကို အောက်ပါအတိုင်းမျှဝေထား ရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုအကြိမ်အရေအတွက် ၆၀၀ နီးပါးရှိခဲ့ပြီး ကြည့်ရှူ့မှုပေါင်း ၆ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ယူကျူ့ရဲ့ […]

Continue Reading

Fact Check: ဦးဖြိုးမင်းသိန်း မိသားစုဝင်တွေကို လှည်းကူး PDF က ခြိမ်းခြောက်ဆိုတဲ့ သတင်းတု

စစ်တပ်က ဖမ်းဆီးထားတဲ့ ဦးဖြိုးမင်းသိန်းရဲ့ မိသားစုဝင်တွေကို  လှည်းကူး PDF က ခြိမ်းခြောက်တဲ့ စာဆိုပြီး တော့ လူမှုကွန်ယက်မှာ မျှဝေလျှက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံလျှက်ရှိတဲ့ ဓာတ်ပုံပို့စ်မှာ ဦးဖြိုးမင်းသိန်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သိက္ခာကျအောင်လုပ်ခဲ့တဲ့အတွက် မိသားစုရဲ့ အသက်လုံခြုံမှုကို အာမခံဘူးလို့ ရေးသား ထားပါတယ်။  သို့သော် Hlegu Defence Force –Hlegu PDF အမည်နဲ့ စာမျက်နှာက ဒီစာဟာအတုဖြစ်တယ်လို့ ပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။  “ဒေါက်တာဆိတ်ဖွား”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက “လှည်းကူး နဲ့ ရန်ကုန် PDF များ ဦးဖြိုးမင်းသိန်းနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက် အနှစ်ချုပ်”လို့ခေါင်းစဉ်တပ်ပြီး အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာတွေမှာ တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: ဦးဖြိုးမင်းသိန်း အင်းစိန်ထောင်အဆောင်သစ်ဖွင့်နေပုံလား-မဟုတ်ပါ

ဦးဖြိုးမင်းသိန်း ဖဲကြိုးဖြတ်နေတဲ့ ဓာတ်ပုံတစ်ပုံကို အသုံးပြုပြီး အင်းစိန်ထောင်အဆောင်သစ်ဖွင့်ပွဲအဖြစ်မျှ ဝေနေတာတွေ့ရပါတယ်။  သို့သော်လည်း ဓာတ်ပုံဟာ Rosewood Yangon ဟိုတယ်ကို ၂၀၁၉ ဩဂုတ်လအတွင်းက မြို့ပြအမွေအနှစ် အသိအမှတ်ပြု အပြာရောင်ကမ္ပည်းပြား တပ်ဆင်သည့် အခမ်းအနားမှတ်တမ်းပုံဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ ဒီနေရာမှာလည်းတွေ့ရပါတယ်။ NLD ဟာ မဲခိုးတဲ့အတွက် ထောင်ကျတော့မည်၊သို့သော်လည်း ထပ်မံတိုးချဲ့ဖွင့်လှစ်ထားတဲ့ အကျဉ်းဆောင်မှာ ထောင်မှထွက်ပြေးရန် အကြံဖြင့် မြေအောက်ခန်းနှင့် လှိုင်ခေါင်းများ ပါဝင်နေမည်ကို စိုးရိမ်ရတယ်လို့လည်းရေးသားမျှဝေထားတာကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အချက်အလက်ရှာဖွေကြည့်ရာမှာ ရွေးကောက်ပွဲပြီးမှာ အင်းစိန်ထောင်အဆောင်သစ် ဖွင့်လှစ်ပွဲ ပြုလုပ်ခဲ့တယ် ဆိုတဲ့ သတင်းမတွေ့ရပါဘူး။ ဓာတ်ပုံကိုစစ်ဆေးကြည့်ရှု့ရာမှာ  […]

Continue Reading