Fact Check: စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ သေဆုံးတဲ့ သတင်းတု 

ယခုရက်ပိုင်းမှာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ သေဆုံးသွားပြီလို့ ဆိုထား ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  အောက်ပါစခရင်ရှော့ကတော့ ဗိုလ်ချုပ်ဟောင်း သန်းရွှေ သေဆုံးမှု လက်ရှိစစ်ခေါင်းဆောင်က ကြေညာ လိုက်တယ်လို့ဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ နောက်ထပ်ဖြန့်ဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။  စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။ “ဗိုလ်ချုပ်ဟောင်း သန်းရွှေ သေဆုံးမှု မင်းအောင်လှိုင် ကြေငြာလို့ လန့်ကုန်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားဖြန့်ဝေမှုတွေ ဒါမှမဟုတ် သတင်းတွေကို ခေါင်းစဉ်တုတပ်ဗွီဒီယိုတွေ ဖြန့်ချိတဲ့ နေရာဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး  Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက ပြန်လွှတ်ပေးလိုက်ပြီဆိုပြီးတော့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း သာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။   “ဦးသန်းရွှေ က ဒေါ်စုကို လွတ်ငြိမ်းပေးပြီ ဘယ်သူအရှိန်အဝါကြီးလဲ အကဲစမ်းနေကြပြီ တရားသူကြီးချုပ်ကို တိုက်ရိုက်ညွန်ကြားပြီး အမိန့်ပေး မင်းအောင်လှိုင်က ပေါက်ကွဲပြီး နေပြည်တော်ကို ပစ်မိန့်ချ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေလုပ်တဲ့နေရာတခု ဖြစ်တာတွေ့ရတယ်။ ဦးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းခွင့်ပေးတဲ့ သတင်းကို ယုံကြည်ရလောက်တဲ့ […]

Continue Reading

Fact Check: သမ္မတဟောင်းဦးသိန်းစိန်နဲ့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ အဖမ်းခံရဆိုတဲ့ သတင်းတု

သမ္မတဟောင်းဦးသိန်းစိန်နဲ့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ အဖမ်းခံရဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေခဲ့ရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်း စဉ်လွဲတပ် ဗွီဒီယိုသာဖြစ်တယ်။  အောက်ပါစခရင်ရှော့ကတော့ ဒီလိုဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုဖြစ်တယ်။  “Khit Thit အတည်ပြုကြေညာလိုက်ပြီ သိန်းစိန်နဲ့သန်းရွှေအဖမ်းခံရ အမြန်ဆုံးဝင်ကြည့်ကြပါ(စစ်အုပ်စု ၂ ခြမ်းကွဲကုန်ပြီ”စသည်ဖြင့် ရေးသားပြီး ယူကျူ့မှာဖြန့်ဝေထားတာဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာတွေဟာ ရန်ကုန်ခတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖတ်ကြားနေခြင်းသာဖြစ်ပြီး သတင်းတွေထဲမှာ သမ္မတဟောင်း ဦးသိန်းစိန်အဖမ်းခံရ တဲ့အကြောင်း သို့မဟုတ် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေအဖမ်းခံရတဲ့အကြောင်း မပါဝင်ပါဘူး။   တကယ်တမ်း ဗွီဒီယိုထဲမှာ “ချင်းတွင်းမြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ်၏ ရေယာဥ်အုပ်စုက […]

Continue Reading

Fact Check: အရည်ချင်းရှိတဲ့သူကို နေရာပေးပါလို့ ဦးသန်းရွှေပြောလို့ ဖမ်းဖို့လုပ်နေပြီဆိုတဲ့ သတင်းမှား

အရည်ချင်းရှိတဲ့သူတွေကို နေရာပေးပါလို့ အရင် စစ်အာဏာရှင် ဦးသန်းရွှေပြောလို့ လက်ရှိအာဏာရှင်က ဖမ်းဖို့ လုပ်နေတယ်လို့ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှု အားကောင်းလျှက်ရှိပါတယ်။ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေမှတ်ဉာဏ်ချို့ယွင်းမှုအပြင်းအထန်ဖြစ်ပွားနေတဲ့အကြောင်း သတင်းမီဒီယာ တစ်ခုကဖော်ပြချက်ကို သတင်းခေါင်းစဉ်တုနဲ့ဖြန့်ချိနေခြင်းဖြစ်တယ်။  “(၂၄)ရက်နေ့ ဦးသန်းရွှေ ဒဲ့ဆော်ပြီ အရည်ချင်းရှိတဲ့သူတွေကို နေရာပေးပါတဲ့ ဖမ်းဖို့လုပ်နေကြပြီတဲ့”လို့ စသည်ဖြင့် ရေးသားပြီး “Appreciate News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်မှုမှုပေါင်း ၄ သိန်းဝန်းကျင်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ဒီဗွီဒီယိုကို “Burmese Political”အမည်နဲ့ ယူကျူ့ရဲ့ ဒီနေရာမှာ လည်းတွေ့မျှဝေထားတာတွေ့ရာမှာ ကြည့်ရှူ့မှုပေါင်း ၁၄၀၀၀ ကျော်ရှိပါတယ်။ အချက်အလက်စိစစ်ချက် ဒီလိုမျိုးရေးသားမျှဝေထားတဲ့ ဗွီဒီယိုကို ကြည့်ရှူ့ရာမှာ ဗွီဒီယိုပါအကြောင်းအရာဟာ CJ Platform က […]

Continue Reading