Fact Check: ကျပ်ငါးထောင်တန်ထီးကို ဒေါ်လာ ၁ သန်းနဲ့ လေလံတင်တဲ့ ပန်ဆယ်လိုကို ဝေဖန်ဆိုတဲ့ သတင်းတုသတင်းမှား
ကျပ်ငါးထောင်တန်ထီးကို ဒေါ်လာ ၁ သန်းနဲ့ လေလံတင်တဲ့ ပန်ဆယ်လိုကို ဝေဖန်ခံနေရလို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့ခဲ့ပါတယ်။ ဒီပို့စ်မှာ ဧရာဝတီသတင်းဌာနက ၂၀၂၂ ခုနှစ် မေ ၅ ရက်စွဲနဲ့ သတင်းရေးသားဖော်ပြထားဟန်ရှိပြီး screenshot တစ်ခုလည်းပါဝင်ပါတယ်။ တကယ်တော့ အတုအယောင်ပြုလုပ်ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ ဧရာဝတီသတင်းဌာနက မေ ၅ ရက်စွဲနဲ့ သတင်းဖော်ပြချက်မှာ ပန်ဆယ်လိုအကြောင်းမပါဝင်သလို ထီးအကြောင်းလည်းမပါဝင်ပါဘူး။ “Naing Thein Myint”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “ထီးတစ်လက် ငါးထောင်ပဲ ရှိတဲ့ဟာကို ။”လို့ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အလားတူမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ပထမဆုံး ဧရာဝတီသတင်းဌာနရဲ့ ဝက်ဘ်ဆိုဒ်ကို ဝင်ရောက်လေ့လာကြည့်ရာမှာ ၂၀၂၂ ခုနှစ် […]
Continue Reading