Fact Check: သံတွဲလေဆိပ်ရှေ့မှာ AA တပ်ဖွဲ့ဝင်တွေ မှတ်တမ်းဓာတ်ပုံလား-မဟုတ်ပါ

သံတွဲလေဆိပ်ရှေ့မှာ AA တပ်ဖွဲ့ဝင်တွေကို ရိုက်ကူးထားတဲ့ မှတ်တမ်းဓာတ်ပုံလို့ဆိုထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံတပုံဖြစ်တာ တွေ့ရတယ်။ အောက်ကတော့ ပျံ့နှံ့နေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံဖြစ်တယ်။ တူညီတဲ့ရေးသား မျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “သာလီစွနဲ့ 🦅ဂါရဝပါ သံတွဲလေဆိပ်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံတွေကို ပုံရှာနည်း၊ အဓိကကျတဲ့ စကားလုံးအသုံးပြုရှာဖွေနည်းအသုံးပြုရှာဖွေရာမှာ ဓာတ်ပုံဟောင်းတွေ ကို အသုံးပြုပြီး ပြန်လည်ဖန်တီးထားတာတွေ့ရပါတယ်။ ဓာတ်ပုံရဲ့ နောက်ခံကို  သတင်းဌာနတွေက ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ အသုံးပြုခဲ့တာတွေ့ရပါတယ်။ (ဒီလင့်ခ်မှာကြည့်ပါ) ဒီအပြင် အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်တွေ အလံကိုင်ပြီး မှတ်တမ်းရိုက်ထားတဲ့ ဓာတ်ပုံဟာ မတ် ၈ […]

Continue Reading

Fact Check: နေပြည်တော် ကောင်စီရုံးကို KNU နဲ့ AA ဝင်စီးတဲ့ သတင်းတု

မတ် ၄ ရက်က နေပြည်တော် ကောင်စီရုံးကို KNU နဲ့ AA ဝင်စီးလို့ ရာနဲ့ချီသေဆုံးတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ မတ် ၄ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၂ သိန်းကျော်အထိရှိထား တယ်။ “ခုည နေပြည်တော် ကောင်စီရုံးကို KNU နဲ့ AA ဝင်စီးနေပြီး အသေအပျောက် ရာနဲ့ချီ ရှိ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Aung VLOG”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ တကယ်တော့ လူစိတ်ဝင်စားမှုများပြားနိုင်တဲ့ အကြောင်းအရာတွေ […]

Continue Reading

Fact Check: ရခိုင်မှာ သေဆုံးခဲ့တဲ့ သင်္ဘောပေါ်ပါလာတဲ့ တပ်မိသားစုဝင်တွေရဲ့ ‌နောက်ဆုံးမြင်ကွင်းပုံလား- မဟုတ်ပါ

ရခိုင်မှာ ရခိုင့်တပ်တော်(AA)က စစ်သင်္ဘောကို တိုက်ခိုက်မှုမှာ သေဆုံးခဲ့ရတဲ့ တပ်မိသားစုဝင်တွေရဲ့ နောက်ဆုံး ဓာတ်ပုံနဲ့ ရေနစ်သေဆုံးနေတဲ့ မြင်ကွင်းဓာတ်ပုံ ၂ ပုံ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။  သတင်းမှားတခုဖြစ်ပြီး ဓာတ်ပုံတွေဟာ လွန်ခဲ့တဲ့ နှစ်အတော်ကြာကတည်းက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံတွေ ဖြစ်တာတွေ့ရပါတယ်။    ဖေဖော်ဝါရီလ ၈ ရက်က ကျောက်တော်မြို့နယ် ကုလားတန်မြစ်အတွင်း AA တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ၃ စင်း နစ်မြုပ်ခဲ့ပြီး စစ်တပ်ဘက်က ရာဂဏန်းသေဆုံးမှုအပြီးမှာ ဒီလိုဖြန့်ချိလာတာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်း ဖြစ်တယ်။  “ရေယဥ်ပေါ်ပါသွားတဲ့ တပ်မိသားစု မြင်ကွင်း နောက်ဆုံးပုံလေးပါ ငါ ကမ္ဘာမကြေဘူနော်  လက်နက်ကိုင်တဲ့လူအချင်းချင်းtaတာတောငါတို့လက်ခံတယ် မဟုတ်လား လက်နက်မပါတဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေနဲ့ မှီခိုသူတွေ သူတို့မှာ […]

Continue Reading

Fact Check: AA က စစ်ကောင်စီရဲ့ MI-17 ရဟတ်ယာဉ်ပစ်ချမှုမှာ ဗိုလ်မှူးကြီး ၁၈ ဦးသေဆုံးဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား

ရခိုင့်တပ်(AA)က စစ်ကောင်စီရဲ့ MI-17 ရဟတ်ယာဉ်ပစ်ချမှုမှာ ဗိုလ်မှူးကြီး ၁၈ ဦးသေဆုံးခဲ့ပြီး ရဟတ်ယာဉ်မှုး တဦးပျောက်ဆုံးနေတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေ ထားရာမှာ ပျံ့နှံ့မှုအားကောင်း လျက်ရှိတယ်။ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့  ဗွီဒီယိုပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုအစမှာပြတဲ့ ဓာတ်ပုံစာသားထဲမှာ အောက်ပါအတိုင်းရေးသားထားပါတယ်။ ဖေဖော်ဝါရီ ၄ ရက်စွဲနဲ့ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ၁ ရက်အတွင်း ကြည့်ရှူ့မှုပေါင်း ၂သိန်း‌ကျော်ရရှိထားပါတယ်။ “FN-6 ရခိုင့်တပ်(AA)ထုတ်သုံးပြီ MI-17 ရုရှားထုတ် ရခိုင့်တပ် AA ပစ်ချလိုက်ပြီ ဗိုလ်မှူးကြီး(၁၈)ဦးသေဆုံး၊ ရဟတ်ယာဉ်မှူး အစဖျောက်” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခုလို ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ […]

Continue Reading

Fact Check: မင်းပြား၊မြောက်ဦး၊ ရသေ့တောင်နဲ့ ပေါက်တောကို AA သိမ်းပိုက်လိုက်ပြီ လား-မဟုတ်ပါ

ပေါက်တော၊ မြောက်ဦး၊ မင်းပြားနဲ့ ရသေ့တောင်မြို့တွေကို ရက္ခိုင့်တပ်တော်(Arakan Army-AA)က သိမ်းပိုက် လိုက်ပြီလို့ ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်နဲ့ ယူကျု့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေ နိုင်တဲ့ သတင်းမှားဖြစ်တယ်။ စစ်ကောင်စီတပ်တွေနဲ့ AA တပ်တွေ အကြား ထိတွေ့ တိုက်ပွဲ တွေရှိပေမဲ့  မြို့တွေကို သိမ်းပိုက်လိုက်တယ်ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ AA ဘက်က အတည်အလင်းကြေညာ တာမျိုးလည်း မရှိပါဘူး။ အောက်ပါစာသားတွေကတော့ ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “၁၃ ရက် မင်းပြားမြို့၊ ရသေ့တောင်မြို့ သိမ်းပိုက်လိုက်ပြီဟေ့ စစ်ခွေး(၁၂၀)သေဆုံး၊ ရခိုင်တပ်( AA)ချပါပြီ” တူညီတဲ့ ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ ထို့အပြင် အလားတူရေးသားဖြန့်ဝေမှုဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: ဗိုလ်ချုပ်ကြီး ၂ ဦးကိုပစ်သတ်ပြီး စစ်သား ၃၂၀ ကို AA ဖမ်းဆီးထားတဲ့ သတင်းမှား

မြန်မာစစ်တပ်က ဗိုလ်ချုပ်ကြီးအဆင့် ၂ ဦးကို ရခိုင့်တပ်တော်-AA က ပစ်သတ်လိုက်ပြီး စစ်သား ၃၂၀ ကို အရှင်ဖမ်းဆီးထားတယ်ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခု ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ ခေါင်းစဉ်တု အသုံးပြုပြီး လူတွေစိတ်ဝင်စားမှုရယူထားတဲ့ သတင်းမှားပို့စ်တစ်ခုသာဖြစ်ပါတယ်။ “Khit Thit Journal”အမည်နဲ့ ယူကျူ့ချန်နယ်မှာ “လုပ်ရင်ပြတ်ပြတ်ပဲဟေ့#ရခိုင်ပြည်က စကစခန့် ဝန်ထမ်း အားလုံးဖမ်းမိန့်ပေးပြီ”စသည်ဖြင့်ရေးသားလျှက် ဗွီဒီယိုကို အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူမှုပေါင်း ၇ ထောင်ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာ လည်းတွေ့ရပြီး ဗွီဒီယိုကို ၂၄ နာရီအတွင်း ကြည့်ရှူမှုပေါင်း ၂ သိန်းဝန်းကျင်ရှိပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ဧရာဝတီတိုင်းမ်သတင်းဌာနက ဘာသာပြန်ဆောင်းပါး အဖြစ်ဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: AAတပ်ချုပ်ကို NUG စစ်ဦးစီးချုပ် ခန့်အပ်ဆိုတဲ့သတင်းမှား

 AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို NUG ကစစ်ဦးစီးချုပ်အဖြစ်ခန့်အပ်လိုက်တယ်ဆိုတဲ့ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တစ်ခုဟာ ထင်ယောင်ထင်မှားဖြစ်ဖွယ် သတင်းတု ဖြန့်ချိ နေခြင်းဖြစ်ပါတယ်။  “AAတပ်ချုပ်ကို NUG စစ်ဦးစီးချုပ် ခန့်အပ်”(မူရင်းအရေးအသား)လို့ ရေးသားပြီး “Man Media” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက က ဖေဖော်ဝါရီ ၁၁ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင် ၁၀၀၀ ကျော်၊ ကြည့်ရှူ့မှုပေါင်း ၃ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ယူကျူ့ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာ ရခိုင့်တပ်တော်(Arakan Amy)ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဓာတ်ပုံနဲ့အတူ“AAတပ်ချုပ်ကို NUG စစ်ဦးစီးချုပ် ခန့်အပ်”စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုထဲက […]

Continue Reading

Fact Check: ALP တွေကို အကုန်သတ်ဖို့ АА အမိန့်ပေးဆိုတဲ့ သတင်းတုသတင်းမှား

ALP တွေကို အကုန်သတ်ဖို့ АА အမိန့်ပေးလိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ဖြန့်ဝေခဲ့တာဟာ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ဖြန့်ဝေနေတဲ့ပို့စ်တွေမှာ “ရခိုင်တွေ ပြသာနာတတ်ကုန်ပြီ”လို့ရေးသားလျှက် “ALP တွေကို အကုန်သတ်ဖို့ АА အမိန့်ပေး”လို့ ရေးသားထားပြီးဖေ့စ်ဘွတ်အသုံးပြုသူတွေကို နားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။ “Thai News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ဇန်နဝါရီ ၈ ရက်က အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive links   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် မြန်မာစစ်တပ်နဲ့ နီးစပ်တဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ ရခိုင်ပြည်လွှတ်မြောက်ရေးတပ်မတော် (ALA)စစ်ဦးစီးချုပ် လုပ်ကြံသတ်ဖြတ်ခံအရအပြီးမှာ ဒီလိုမျှဝေလာတာဖြစ်ပါတယ်။ ဗွီဒီယိုပါအကြောင်းအရာဟာ  မြန်မာစစ်တပ်ဦး ဆောင်ကျင်းပတဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတက်ရောက်ပြီးအပြန် စစ်တွေမြို့ အာဂျိတ်တွေ ကုန်းမှာ ALP/ALA စစ်ဦးစီးချုပ် […]

Continue Reading

Fact Check: နေပြည်တော်ကို ဝတပ်နဲ့ AA တပ်တွေတိုက်ခိုက်သိမ်းပိုက်ပြီဆိုတဲ့ သတင်းတု

နေပြည်တော်ကို ဝတပ်နဲ့ AA တပ်တွေအပါအဝင် အင်အား ၁၅၀၀လောက်နဲ့ ထိုးစစ်ဆင်နေပြီး မြို့သိမ်းခံရ ဖွယ်ရှိလို့ဆိုတဲ့ ဗွီဒီယိုပုံစံပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းတု ဖြစ်ပါတယ်။ အောက်ပါ screenshot ကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ “ဝတပ်နဲ့ AAတပ်တွေ ပါဝင်နေဟု သတင်းထွက်#နေပြည်တော်မြို့ကြီး အထိနာပြီ”လို့ ရေးသားပြီးဖေ့စ်ဘွတ်စာမျက်နှာတစ်ခုက အောက်ပါအတိုင်း မျှဝေထားရာ ဒီဗွီဒီယိုကို ပြန်လည်မျှဝေမှုပေါင်း ၁၀၀၀ ဝန်းကျင်ရှိတာတွေ့ရပြီး ကြည့်ရှူ့မှုပေါင်း ၃ သိန်းခွဲရှိပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ thumbnail ဓာတ်ပုံမှာလည်း “နေပြည်တော်မြို့ အသိမ်းခံရဖွယ်ရှိ လေယာဉ်နဲ့ပစ်တောင်မနိုင်တော့ဘူး အင်အား ၁၅၀၀ ခန့်နဲ့ ထိုးစစ်ဆင်နေပြီ”စသည်ဖြင့်လည်းရေး သားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို Youtube ရဲ့ဒီနေရာမှာ လည်းတွေ့ရပါတယ်။  […]

Continue Reading

Fact Check: AA ခေါင်းဆောင် ၈ ဦးအသတ်ခံရဆိုတဲ့ သတင်းခေါင်းစဉ်တု

 AA ခေါင်းဆောင်၈ ဦးကို စစ်တပ်က ဆွေးနွေးဖို့ ခေါ်ပြီး သတ်ပစ်လိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားဖြန့်ဝေလျက်ရှိပါတယ်။သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ “NUG ကို သစ္စာ ဖောက်တဲ့ ထွန်းမြတ်နိုင် ပေးဆပ်လိုက်ရပြီ”လို့ ရေးသားပြီး “Always” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ ဓာတ်ပုံစာသားထဲမှာတော့ “AA ထွန်းမြတ်နိုင် လမ်းရွေးမှားပြီ ဆွေးနွေးရန်ခေါ်ပြီး AA ခေါင်းဆောင် ၈ ဦး သတ်ဖြတ်ခံရ ရခိုင်လူမျိုးတွေ လုံးဝမမေ့ဟုတုန့်ပြန်”စသည်ဖြင့်ရေးသားထားပြီး ရက်စွဲအနေနဲ့ “12/122”လို့လည်းဖော်ပြထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာ အထက်ပါအတိုင်းရေးသားထားပေမဲ့ ဗွီဒီယိုပါအကြောင်းအရာဟာ ရခိုင်ပြည်နယ်မှာ နှစ်ဖက် အပစ်ရပ်လိုက်ပေမဲ့ လမ်းတွေပိတ်ထားဆဲဆိုတဲ့ ဒီဇင်ဘာ […]

Continue Reading