သရုပ်ဆောင်စမိုင်းရဲ့မွေးနေ့ကံစမ်းမဲစာရင်းမှာပါဖို့ ဖေ့စ်ဘွတ်အုပ်စု ၅ ခုမှာ ပို့စ်ကို မျှဝေစရာ မလိုပါ
သရုပ်ဆောင် စမိုင်းက မွေးနေ့မှာ အွန်လိုင်းကနေပြီး ငွေကျပ်(၃၆)သိန်းဖိုး ကံစမ်းမဲဖောက်ပေးမှာဖြစ်လို့ ဂရု ၅ ခုရှဲပြီး ဖုန်းနံပါတ်ရေးခဲ့ပါဆိုတဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့နေ တာတွေ့ရပါတယ်။ “May Yati”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက “မွေးနေ့မှာ အွန်လိုင်းကနေပြီး ငွေကျပ်(၃၆)သိန်းဖိုး ကံစမ်းမဲ ဖောက်ပေးမယ်ဆိုတဲ့ စမိုင်း ဂရု၅ခုရှဲပြီး ဖုန်းနံပါတ်ရေးခဲ့ပါ”စသည်ဖြင့်ရေးသားပြီး “ဖုန်းဖြင့် ငွေလက်ခံမည့် သူများစာရင်း”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားပါတယ်။ Fb link Archive link သရုပ်ဆောင်စမိုင်းဟာ သူမမွေးနေ့ပါတီမှာ အွန်လိုင်းကနေပြီးတော့ မဲဖောက်ပေးမယ့်အစီအစဉ်ရှိ တာတွေ့ ရပါတယ်။ သို့သော်လည်း အခုလို့ ပို့စ်ကို ဖေ့စ်ဘွတ်အုပ်စု ၅ ခုမှာ မျှဝေခိုင်းပြီး ဖုန်းနံပါတ်ရေးခိုင်းသလားကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် သရုပ်ဆောင်စမိုင်းရဲ့ တရားဝင်စာမျက်နှာဖြစ်တဲ့ “စမိုင္းလ္ Smile”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ […]
Continue Reading