Fact Check: AI နဲ့ ဖန်တီးထားတဲ့ သာကေတရဲစခန်း ဗုံးခွဲခံတဲ့ ဗွီဒီယို ပျံ့နှံ့

သာကေတရဲစခန်းကို မြို့ပြပျောက်ကျားအဖွဲ့တဖွဲ့က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့အပြီးမှာ ရဲစခန်းရှေ့ ဗုံးကွဲမှု ဗွီဒီယိုလို့ဆိုပြီး ဗွီဒီယိုတခု ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ တကယ်မှာ ဉာဏ်ရည်တု(AI) အသုံးပြု ဖန်တီးထားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ရွေးကောက်ပွဲအကြိုကာလ  သာကေတ  Video via ရဲအုပ်မင်းဒင်” Original link | Archive link အချက်အလက်စိစစ်ချက် နိုဝင်ဘာ ၁ ရက် ညပိုင်းမှာ သာကေတရဲစခန်းကို “မြို့ပြကြွက်”အမည်နဲ့ တော်လှန်ရေးအဖွဲ့က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းမီဒီယာတချို့မှာဖော်ပြပါတယ်။ (ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ) ဒီလိုသတင်းဖော်ပြချက်တွေအပြီးမှာ သာကေတရဲစခန်းတိုက်ခိုက်ခံရမှု ဗွီဒီယိုထွက်ပေါ်လာတာဖြစ်ပြီး  […]

Continue Reading

Fact Check: ငလျင်လှုပ်အပြီး မြန်မာနိုင်ငံအခြေအနေအဖြစ် AI အသုံးပြုဖန်တီးထားတဲ့ ဗွီဒီယိုပျံ့နှံ့

ငလျင်လှုပ်အပြီး မြန်မာနိုင်ငံအခြေအနေအဖြစ် ထီးတော်မဲ့ ဘုရား ၂ ဆူကြားက အပျက်အစီးများနဲ့ ဖုံးလွှမ်းနေတဲ့ လမ်း ၂ ခုကြားက အဆောက်အဦးတွေကို အမြင့်တနေရာက ရိုက်ကူးထားတဲ့ ဗွီဒီယို တခု လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။  AI အသုံးပြုဖန်တီးထားတဲ့ ဗွီဒီယိုတခု ဖြစ်ပြီး နားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။  မတ် ၂၈ ရက်မှာ မြန်မာနိုင်ငံလှုပ်ခတ်ခဲ့တဲ့ ငလျင်တွေထဲမှာ အပြင်းအထန်ဆုံးတခုဖြစ်တဲ့ ရစ်ချ်တာစကေး ၇.၇ ရှိတဲ့ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့အတော်များများ ထိခိုက်ပျက်စီးခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးမှုရှိခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ ဗွီဒီယိုဟာ ပျံ့နှံ့လာတာဖြစ်တယ်။ မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် တကယ်တမ်းမှာ ဖေ့စ်ဘွတ်၊ x နဲ့ […]

Continue Reading

Fact Check: ဗီးနပ်စ်ဂြိုဟ်က မြင်ရတဲ့ ကောင်းကင်ဘုံ ဓာတ်ပုံလား – မဟုတ်ပါ

ဗီးနပ်စ်ဂြိုဟ်က မြင်ရတဲ့ ကောင်းကင်ဘုံ ဓာတ်ပုံလို့ ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နှင်းခဲတွေ လွှမ်းနေပြီး ရွှေရောင်အဆင်းဝင်းပြီး တောက်ပဲ အဆောက်အဦးကြီးတွေ တည်ရှိနေဟန်နဲ့ ကောင်းကင်ဘုံလို့ဆိုထားတဲ့ ဒီဓာတ်ပုံဟာ ဇန်နဝါရီ လလယ်ပိုင်းလောင်က စပြီး မြန်မာဘာသာအသုံးပြုသူတွေအကြားမှာ စတင်ပျံ့နှံ့ခဲ့ပြီး လက်ရှိအချိန်အထိလည်း ပျံ့နှံ့မှုအားကောင်းနေပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဓာတ်ပုံနဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ် တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “ဗီးနပ်စ်ကနေ မြင်ရတဲ့ ကောင်းကင်ဘုံရဲ့ ပထမဆုံး ဓာတ်ပုံ။  First picture of heaven seen from venus” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ […]

Continue Reading

Fact Check: ကချင်ပြည်နယ် ဆော့လော်မြို့နယ်မှာတွေ့ရတဲ့ မျောက်မျက်နှာသဏ္ဌာန်နဲ့ ပန်းပွင့်လား-မဟုတ်ပါ

ကချင်ပြည်နယ် ဆော့လော်မြို့နယ် အထက်ပိုင်းရွာတွေမှာ တွေ့ရတဲ့ မျောက်မျက်နှာသဏ္ဌာန်နဲ့ အမည်မသိ တောပန်း တမျိုးလို့ဆိုပြီး ဓာတ်ပုံတပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “ကချင်ပြည်နယ် ဆော့လော်မြို့နယ် အထက်ပိုင်းရွာတွေမှာ တွေ့ရတဲ့ အမည်မသိ တောပန်း တစ်မျိုးဖြစ်ပါတယ်။ မျောက်မျက်နှာနဲ့ဆင်တော့ မျောက်ခေါင်းပန်း မျောက်မျက်နှာပန်း သူရဲပန်း လို့အမည်တတ်ရကောင်းမလား။ ကဲ မိတ်ဆွေတို့ ပန်းအမည်ဘယ်လိုပေးကြမလဲ? တစ်ခါမှမမြင်ဘူးလို့ကူးယူတင်ပေးလိုက်တာပါ။ ထူးဆန်းနေသလားလို့ပါ။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြု ရှာဖွေရာမှာ ဉာဏ်တုနည်းပညာ(Artificial Intelligence)အသုံးပြုပြီး ဖန်တီးထားတဲ့ ဓာတ်ပုံတခုဖြစ်တာတွေ့ရပါတယ်။ “Sarah Clise”အမည်နဲ့ […]

Continue Reading