Fact Check: ပြင်ဦးလွင်မှာ စစ်တပ်ယာဉ်တန်းကို PDF ကပစ်ခတ်တိုက်ခိုက်မှု သတင်းတု

ဧပြီ ၁၇ ရက်နေ့က ပြင်ဦးလွင်မှာ စစ်ကားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်မှုအဖြစ် ဖော်ပြထားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ သတင်းမှားဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၁၈ ရက်က မျှဝေထားတဲ့ ဗွီဒီယိုဟာလက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ ဒသမ ၈ သန်းကျော်ရရှိထားတယ်။ “17/4/2024 ပြင်ဦးလွင်လာနေတဲ့ စစ်ကား ပုံးစွဲခံရ စိတ်တော်မကောင်းဘူး”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဗွီဒီယိုဟာ ARMA 3 ဆော့ဖ်ဝဲလ်လို စစ်ရေးဆိုင်ရာတွေကို စိတ်ကူးဖန်တီးရေးဆွဲလို့ရတဲ့ ဆော့ဖ်ဝဲလ်တခုသုံးပြီး ထုတ်လုပ်ထားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရတယ်။ မူလဗွီဒီယိုလို့ […]

Continue Reading