Fact Check: စစ်ခေါင်းဆောင် လေယာဉ်အသုံးပြုခွင့် အာဆီယံနဲ့ ကုလသမဂ္ဂပိတ်ပင် ဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လေယာဉ်အသုံးပြုခွင့် အာဆီယံနဲ့ ကုလသမဂ္ဂက ပိတ်ပင် လိုက်ပြီဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေပြီး သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  သတင်းမီဒီယာအချို့က ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ကူးယူပြီး မသက်ဆိုင်တဲ့ ခေါင်းစဉ်တုတပ်ပြီး ဖြန့်ချိ နေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုကရယူထားခြင်းဖြစ်တယ်။ အလားတူ ပြောဆိုချက်ကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “အာဆီယံနဲ့ UN အရေးယူမှုကြမ်းပြီဗျို့ မအလ လေယာဉ်ဆင့်ခွင့်ပိတ်သိမ်း Khit Thit အတည်ပြုကြေညာ လိုက်ပြီ‌ဗျို့” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုလို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်းခေါင်းစဉ်တု သို့မဟုတ် ခေါင်းစဉ်လွဲတွေတပ်ပြီး ဖြန့်ချိနေ တာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: သူ့ကိုမဖြုတ်ချဖို့ အာဆီယံကိုတောင်းဆိုပြီး ဒေါ်စုကို လွှတ်ပေးမယ်လို့ မင်းအောင်လှိုင်ပြောဆိုတဲ့သတင်းမှား

သူ့ကိုမဖြုတ်ချဖို့ အာဆီယံကိုတောင်းဆိုလိုက်ပြီး ဒေါ်အောင်းဆန်းစုကြည်ကို လွှတ်ပေးမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတိပြုတယ်လို့ ဆိုလိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ နားလည်မှုလွဲ စေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်း ဖြစ်ပါတယ်။ “မင်းအောင်လှိုင် အာဆီယံနဲ့ NUGကို အသနားခံစာ ပို့နေပြီ”လို့ ရေးသားပြီး “Thai News” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း သိန်းဂဏန်းရှိပါတယ်။ ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်သေဓာတ်ပုံထဲမှာလည်း “၁၂ ရက်နေ့ မင်းအောင်လှိုင်တောင်းပန်နေပြီ သူ့ကိုမဖြုတ်ချဖို့ အာဆီယံကို တောင်းဆို ဒေါ်စုကိုလည်း လွှတ်ပေးမယ်တဲ့”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ယူကျူ့ရဲ့ ဒီနေရာ၊ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ […]

Continue Reading

Fact Check: UN နဲ့ အာဆီယံက NUG ကိုတရားဝင်အသိအမှတ်ပြုပြီဆိုတဲ့သတင်းမှား

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)ကို အစိုးရအဖြစ် အာဆီယံနဲ့ UN ကတရားဝင်အသိအမှတ်ပြုလိုက်ပြီလို့ဆို ထားတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကန်ရဲ့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ ပြောကြားချက်ကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု အသုံးပြုပြီးဖြန့်ချိနေခြင်းဖြစ်တယ်။ “UN နှင့် အာဆီယံ NUGကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် ကြေညာ”လို့ ရေးသားပြီး “Rambo new” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက နိုဝင်ဘာ ၈ ရက်မှာအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဒီဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၆၅၀၀၀ ရှိပါတယ်။ စစ်တပ်လုပ်မယ့်ရွေးကောက်ပွဲကို ဖျက်ဆီးဖို့ အာဆီယံနှင့် UN က အမိန့် ထုတ်လိုက်တယ်လို့လည်း ဗွီဒီယိုရဲ့ thumbnail ရုပ်ပုံစာသားမှာရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   […]

Continue Reading