ဝန်ကြီးတွေ ကျပ်ဘီလီယံနဲ့ချီ လာဘ်စားတာကို ဒေါ်အောင်ဆန်းစုကြည်က အရေးမယူဖို့ ဖိအားပေးခဲ့တယ်ဆိုတဲ့ သတင်းမှား
လူမှုကွန်ရက်သုံးစွဲသူတွေကြားမှာ ဝန်ကြီးတွေ ကျပ်ဘီလီယံနဲ့ချီ လာဘ်စားတာကို ဒေါ်အောင်ဆန်းစုကြည်က အရေးမယူဖို့ ဖိအားပေးခဲ့တယ်လို့ ရေးသားထားတဲ့ ဓာတ်ပုံပို့စ်တစ်ခုပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ Fb link Archive link ဒီပို့စ်ဟာ ၂၀၁၉ ခုနှစ်မှာ ဇူလိုင်လထဲမှာ“Aung Thu Soe”အမည်နဲ့ ဖေ့စ်ဘွတ် သုံးစွဲသူက စတင်ဖြန့်ဝေခဲ့တာ တွေ့ရပြီး ယခုရက်ပိုင်းအတွင်းမှာလည်း ပြန်လည်မျှဝေနေတာအောက်ပါအတိုင်း တွေ့ရပါတယ်။ ပို့စ်မှာ အနားပေးလိုက်ပြီးဖြစ်တဲ့ စီမံကိန်းနှင့်ဘဏ္ဏာရေးဝန်ကြီးဌာန ဝန်ကြီးဟောင် ဉီးကျော်ဝင်းကို ဒေါ်အောင်ဆန်း စုကြည်က ဖိအားပေးလို့ အရေးမယူခဲ့ဘူးဆိုတာ အဓိကရေးသားထားပြီး တနင်္သာရီ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့ မော်ရဲ့ ကျပ်ဘီလီယံ ၈၀ လာဘ်စားမှုကို စောင့်ကြည့်ရမယ်လို့ ရေးသားထားပါတယ်။ အချက်အလက်စိစစ်ချက် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဒေါ်လဲ့လဲ့မော် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံရတဲ့ သတင်းကို […]
Continue Reading