ကျုံပျော်မြို့နယ်မှာ အသုဘချတာရာမှာ ပြဿနာဖြစ်ပွားမှုကို ကိုရိုနာဗိုင်းရပ်စ်သံသယ ကြောင့်လို့ ဖော်ပြနေကြ

ကျုံပျော်မြို့နယ်မှာ အသုဘချရာကနေ ရွာသားအချင်းချင်း ပြဿနာဖြစ်ကြတာကို ကိုရိုနာဗိုင်းရပ်စ် သံသယကြောင့်ဖြစ်ရတယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ ဗွီဒီယိုဖိုင်တစ်ခု ပျံ့နှံ့နေပါတယ်။ POWER 50 LAW BLOGS အမည်နဲ့ စာမျက်နှာက “ထိုင်းမှ ပြန်လာသော ကိုရိုနာစောင့်ကြည့် လူနာ များပြားနေချိန်အတွင်း ကျုံပျော်မြို့နယ် ဇင်ပြွန်းကုန်း ကျေးရွာမှ သေဆုံးသွားသော အသုဘအား လူစုလူဝေးဖြစ်လာသဖြင့်  ရဲတပ်ဖွဲ့မှ တားဆီးရာမှ ပဋိပက္ခဖြစ်ပွားပြီးအရပ်သားတစ်ဦးသေဆုံး ရဲတပ်ဖွဲ့ဝင်ရှစ်ဦးဒဏ်ရာရ”ဆိုပြီး ခေါင်းစဉ်တပ်ရေးသားထားသလို ဖေ့စ်ဘွတ်မှာ ကိုရိုနာ၊ထိုင်းပြန်စတဲ့ # တွေအသုံးပြုပြီး ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ “လက်ရှိအခင်းဖြစ်ပွားရာနေရာ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၂၁၁ ဦး အထိရှိကြောင်းလည်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်ဇော်ဝင်းထံမှ သိရှိရပါသည်”လို့လည်း ရေးသားထားတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် Google မှာ […]

Continue Reading