ရင်ထဲထိစေတဲ့ သားမိပုံက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတာလား

တကိုယ်လုံးနီးပါ ပလက်စတစ်အိတ်စွပ်တဲ့အမျိုးသမီးတစ်ဉီးက ကလေးငယ်လေးကိုပွေ့ချည်ထားတဲ့ ဓာတ်ပုံတစ်ပုံ လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ “ရင်ထဲထိစေတဲ့ အီတလီက သားမိပုံ၊ ကိုရိုနာကူးစပ်ခံထားရတဲ့အမေနဲ့ ၊အမေမှအမေဆိုပြီး ပူးကပ်နေတဲ့ သားငယ်”ဆိုပြီးတော့ “နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ”၊ “search Myanmar” နဲ့ “မြန်မာတိုင်းရင်းဆေးများ” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာတွေ အောက်ပါအတိုင်းမျှဝေထားပြီး ဖေ့စ်ဘွတ်သုံးစွဲသူတွေက ပြန်လည်မျှဝေတာများပြားခဲ့ပါတယ်။ Fb link Fb link Fb link Archive link Archive link Archive link အမျိုးသမီးငယ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာတကယ်လား။ အချက်အလက်စိစစ်ချက် Google မှာပုံပြောင်းပြန်ရှာနည်းအသုံးပြုပြီး ရှာဖွေကြည့်ရမှာအောက်ပါအတိုင်းတွေ့ရပါတယ်။ လင့်တွေကိုထောက်ကြည့်လိုက်တဲ့အခါမှာ ဒီပုံဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လကတည်း အွန်လိုင်းမှာ ပျံ့နှံ့နေခဲ့ပြီးဖြစ်ပါတယ်။ အစောဆုံး အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ လင့်တွေကို ကြည့်ရင် တူရကီဘာသာနဲ့ ပျံ့နှံခဲ့တာတွေ့ရပါတယ်။အောက်ပါ လင့်တွေမှာ […]

Continue Reading