Fact Check: Box No. 88 ဇာတ်ကားရိုက်ကွင်းက မြင်ကွင်းဓာတ်ပုံတစ်ခုကို ယနေ့ထောင်ကလွတ်လာတဲ့ အိန္ဒြာကျော်ဇင်ပုံအဖြစ်ပျံ့နှံ့မှုအားကောင်းနေ

သရုပ်ဆောင် အိန္ဒြာကျော်ဇင်အပါအဝင် အနုပညာရှင်အချို့ ဒီကနေ့ ထောင်ကနေပြန်လည် လွတ်မြောက်လာတဲ့ သတင်းနဲ့ အတူ အိန္ဒြာကျော်ဇင် ကားပေါ်က ဆင်းလာတဲ့ ဓာတ်ပုံ ၁  ပုံကို အိမ်ပြန်ရောက်တဲ့ ဓာတ်ပုံအဖြစ် ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအား ကောင်းလျက်ရှိပါတယ်။  တကယ်တော့ ဒီဓာတ်ပုံဟာ ဓာတ်ပုံဟောင်းတစ်ပုံဖြစ်ပြီး ရုပ်ရှင်ရိုက်ကွင်းက ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။  “စိတ်ထားနှလုံးသားလှတဲ့ရွှေမင်းသမီး ရဲ့  အိမ်အပြန် ခြေလှမ်း အောင်မြင်ပါစေ တိုင်းပြည်နဲ့ မိသားစုကို ဦးဆောင်နိုင်ပါစေ Maung Tun Wai 2-3-2022”လို့ရေးသားပြီး “Maung Tun Wai”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  ဒီဓာတ်ပုံကိုပဲ “ပြန်ရောက်ပါပြီ တဲ့.. ၂၊၃၊၂၀၂၂ Photo .Sai Zwe […]

Continue Reading