ကျေးဇူးတော်နေ့မှာ ဘရာဇီးသမ္မ ငိုကြွေးတဲ့ပုံကို အီတလီဝန်ကြီးချုပ် ကိုရိုနာဗိုင်းရပ်စ် ကြောင့် ငိုကြွေးတဲ့ပုံအဖြစ်ဖော်ပြနေတဲ့ သတင်းမှား

ကမ္ဘာတစ်လွှာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု မြင့်တက်နေချိန်မှာ အီတလီနိုင်ငံဟာ အဆိုးရွားဆုံးနဲ့ ရင်ဆိုင်နေရပါတယ်။ ဗိုင်းရပ်စစ်ကြောင့် သေဆုံးမှုမှာ အီတလီနိုင်ငံဟာ ဗိုင်းရပ်စ်စတင်ရာ တရုတ်နိုင်ငံထက် ပိုမိုများပြားလာပြီး မတ် ၂၂ ရက်အထိ စုစုပေါင်း သေဆုံးသူ ၅၀၀၀ ဝန်းကျင်နီးပါးရှိလာပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အီတလီတာဝန်ရှိသူတွေနဲ့ ပတ်သက်တဲ့ သတင်းတွေဟာလည်း လူမှုကွန်ယက်မှာရေပန်းစားနေပြီး အီတလီဝန်ကြီးချုပ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ငိုကြွေးတဲ့ပုံအဖြစ်ဖော်ပြထားတဲ့ ဓာတ်ပုံဟာ လူမှုကွန်ယက်မှာ ဖြန့်ဝေမှုများပြားခဲ့ပါတယ်။ Khin Zin Htay အမည်နဲ့အကောင့်က “သတင်းစုံ”၊ “မှု့ခင်းနှင့်သတင်းစုံ”စတဲ့ ဖေ့စ်ဘွတ်အုပ်စုတွေ မျှဝေထားတာတွေ့ရပါတယ်။ မျှော်လင့်ချက်မဲ့နေသည့် အီတလီဝန်ကြီးချုပ် မိန့်ခွန်းပြောရင်း ငိုကြွေးဆိုပြီးတော့လည်း ရေးသားထားပါတယ်။ Fb link Fb link Archive link Archive link  “မှု့ခင်းနှင့်သတင်းစုံ”စတဲ့ ဖေ့စ်ဘွတ်အုပ်စုထဲမှာ Shwe […]

Continue Reading