Fact Check: ဗိုလ်နဂါးရဲ့ BRNA က ပုလဲမြို့ကို သိမ်းပိုက်လိုက်ပြီး တပ်သား ၅၀၀၀ လောက် ဖမ်းဆီးရမိဆိုတဲ့ သတင်းမှား 

ဗိုလ်နဂါးရဲ့ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော်(BRNA)က ပုလဲမြို့ကို သိမ်းပိုက်လိုက်ပြီး တပ်သား ၅၀၀၀ လောက် ဖမ်းဆီးရမိတယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိတာဟာ ချဲ့ကားရေးသားထားတဲ့ သတင်းမှားတခုသာ ဖြစ်တယ်။ တကယ်တမ်းမှာ ဗိုလ်နဂါးဦးဆောင်တဲ့ BRNA တပ်ဖွဲ့က ပုလဲမြို့ကို အလုံးစုံ ထိန်းချုပ်ခါနီးမှာပဲ ပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ်ချက် ဖြစ်တယ်။  “ဗိုလ်နဂါးလက်စွမ်းပြနေပြီ ပုလဲမြို့သိမ်းတိုက်ပွဲ တပ်သား ၅၀၀၀ လောက် ဖမ်းခံရပြီ  AA ကလည်း ဝင်တိုက်နေပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Mandalay Khitthit”အမည်နဲ့ယူကျူ့ချန်နယ်ဟာ အခုလိုပဲ သတင်းခေါင်းစဉ်တု သို့မဟုတ် ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်တပ်ကာ ဗွီဒီယိုကို ဖြန့်ချိပါတယ်။ […]

Continue Reading

Fact Check: တပ်မ ၄၄ ဌာနချုပ် ဗိုလ်နဂါးတပ်ဖွဲ့တက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းတု

တပ်မ ၄၄ ဌာနချုပ်ကို ဗိုလ်နဂါးတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီလို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားဖြန့်ဝေလျှက်ရှိတာဟာ သတင်းတုတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “တပ်မ(၄၄)ဌာနချုပ် ဗိုလ်နဂါးတပ်ဖွဲတက်သိမ်းလိုက်”  မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ ထို့အပြင် တပ်မ ၄၄ ဌာနချုပ်ကို ဗိုလ်နဂါး  ဦးဆောင်တပ်ဖွဲ့က သိမ်းပိုက်လို့ အခုဗွီဒီယိုထဲမှာရေးသားထားပေမဲ့ ဗိုလ်နဂါးအကြောင်း ဖြစ်စေ ဗိုလ်နဂါးနဲ့ မဟာမိတ်အဖွဲ့တွေပါဝင်တဲ့ BNRA တပ်ဖွဲ့အကြောင်းဖြစ်စေမပါဝင်ပါဘူး။ စစ်ကိုင်း၊မကွေးနဲ့ မန္တလေးတိုင်းက တော်လှန်ရေးအင်အားစုအချို့ပေါင်းစည်းထားတဲ့ မကြာသေးခင်က ဖွဲ့စည်းလိုက်တဲ့ BNRA ဟာ စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ အဓိကလုပ်ရှားနေတာတွေ့ရပြီး တပ်မ ၄၄ ဌာနချုပ်ဟာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာတည်ရှိပါတယ်။  တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာတွေဟာ […]

Continue Reading