အိပ်ယာထဲလှဲနေတဲ့ အဖိုးအား ဝန်ထုပ်ဝန်ပိုး ဖြစ်လို့ ရိုက်သတ်လိုက်သတဲ့လား.. အမှန်က ဒီလိုပါ
ဧပြီ ၁၇ ရက်က ကုတင်ပေါ်မှာ ပက်လက်အနေအထားနဲ့အိပ်နေတဲ့ အသက်ကြီးရွယ်အိုဖြစ်ဟန်တူသူ တစ်ယောက်ကို လူငယ်တစ်ယောက်က ထုတ်နဲ့ အားရပါးရရိုက်သတ်နေတဲ့ CCTV မှတ်တမ်းဗွီဒီယိုတစ်ခု အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီဗွီဒီယိုကို “محمد اسامه“အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက “အိပ်ယာထဲလှဲနေတဲ့ အဖိုးအား ဝန်ထုပ်ဝန်ပိုး ဖြစ်လို့ ရိုက်သတ်တာတဲ့”ဆိုပြီးတော့ မျှဝေခဲ့ရာမှာ အခြားဖေ့စ်ဘွတ်သုံးစွဲသူ တစ်သောင်းခွဲနီးပါက ဒီပို့စ်ကို ပြန်လည်မျှဝေခဲ့ပါတယ်။ Fb link Archive link အလားတူပဲ “Channel Pyay”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာနဲ့ “San San” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မြန်မာဝတ်စုံအလှအပများစုစည်းရာ”ဖေ့စ်ဘွတ်အုပ်စုထဲမှာ ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် ပထမဆုံး ဗွီဒီယိုကို InVID ဆိုတဲ့ ဗွီဒီယိုအချက်အလက်ဆန်းစစ်နိုင်တဲ့ ဆော့ဖ်ဝဲနဲ့ […]
Continue Reading