Fact Check:  အချက်အလက်အတုအယောင်တွေနဲ့ နာရီကြော်ငြာ

မြန်မာနိုင်ငံ၏ အကြီးဆုံး ဈေးဝယ်စင်တာထဲမှာ လူထောင်ပေါင်းများစွာ မူးမေ့လဲတဲ့အထိ ဂျပန်နာရီ Cihitizen ကို ဝယ်ဖို့စောင့်ဆိုင်းခဲ့ကြတယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ အတုအယောင်ရေးသားချက်တွေနဲ့ နာရီအရောင်းကြော်ငြာချက်ဖြစ်တာတွေ့ရပါတယ်။ အောက်ပါပို့စ်ကတော့ ဒီလိုကြော်ငြာထားတဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံတွေကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံတွေဟာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်း မရှိသလို မူလဓာတ်ပုံတွေကို ပြုပြင်ပြောင်းလဲထားတာတွေ့ရပါတယ်။  ပထမဆုံး ဈေးဝယ်စင်တာတစ်ခုထဲမှာ လူတွေ တန်းစီနေတဲ့ ဓာတ်ပုံဟာ ဗီယက်နမ်နိုင်ငံက ဖြစ်တာ တွေ့ရပါတယ်။ ရတနာရောင်းဝယ်ရေးလုပ်ငန်းစု Pandora ရဲ့ ၁၅ ခုမြောက်ဆိုင်ခွဲ ဟန်နွိုင်းမြို့မှာ ဖွင့်လှစ်တဲ့ အခမ်းအနားဖြစ်ပါတယ်။ မူရင်းလင်ခ့် – VNExpress |  […]

Continue Reading