Fact Check: အီလွန်မက်က CNN သတင်းဌာနကို ဒေါ်လာ သန်း ၃၀၀၀ နဲ့ဝယ်ဖို့ သဘောတူညီချက်ရတဲ့ သတင်းမှား

ကမ္ဘာ့ အချမ်းသာဆုံးသူဌေး အီလွန်မတ်(Elon Musk)က CNN သတင်းဌာနကို ဒေါ်လာ သန်း ၃၀၀၀ (၃ ဘီလီယံ) နဲ့ ဝယ်ယူဖို့ သဘောတူထားတယ်ဆိုပြီး ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက်ရှိတာဟာ တကယ်တော့ သရော်စာ တခုသာဖြစ်တယ်။  ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပြီး နားလည်မှုလွဲစေနိုင်တဲ့ ဖြန့်ဝေမှုကို အောက်ပါ စခရင်ရှော့မှာ ကြည့်ပါ။ တူညီတဲ့ ‌ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာလည်းတွေ့ရပါတယ်။  “Tesla, Space X, StarLink  သူဋ္ဌေး အီလွန်မတ်စ်က CNN သတင်းဋ္ဌာနကို ဒေါ်လာသန်း၃၀၀၀ ဖြင့် ဝယ်ယူရန် သဘောတူညီမှု ရရှိထားဟုဆို။” မူရင်းလင်ခ့် – Facebook link | Archive link ဒီသရော်စာဟာ အင်္ဂလိပ်ဘာသာနဲ့ ဖြန့်ဝေမှုတွေလည်းရှိခဲ့ပြီး ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ ဒီနေရာနဲ့ […]

Continue Reading

လက်ဖက်ရည်ကြမ်းက ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်တယ်ဆိုတဲ့ သတင်းမှား

လက်ဖက်ရည်ကြမ်းက covid-19 ရဲ့ လက္ခဏာတွေကို ပျောက်ကင်း စေတယ်ဆို၊ ကုသနိုင်တယ်ဆိုတဲ့ စာသား တွေ ဖေ့စ်ဘွတ်မက်ဆေ့ဂျာကနေ မျှဝေလာတာတွေ့ရပါတယ်။ အမေရိကန်အခြေစိုက်သတင်းဌာနဖြစ်တဲ့ CNN ကို သတင်းရင်းမြစ်အဖြစ်ဖော်ပြထားတဲ့ အောက်ပါစာသားက တော့ ဖေ့စ်ဘွတ်မက်ဆေ့ဂျာကနေ ဓာတ်ပုံအနေနဲ့ ပို့လာတဲ့ စာပဲဖြစ်ပါတယ်။ဒီစာသားတွေကို “ထီလာရွှေပြည် သတင်းစုံ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း မျှဝေထား တာတွေ့ ရပါတယ်။ Fb link Archive link လက်ဖက်ရည်ကြမ်းဟာ တကယ်ပဲ ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်ပါသလား။ အချက်အလက် စိစစ်ကြည့်ရ အောင်ပါ။ အချက်အလက်စိစစ်ချက် Google မှာ “cnn green tea covid-19”ဆိုတဲ့ စကားလုံးတွေကိုရိုက်ရှာကြည့်တဲ့အခါမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ လက်ဖက်ရည်ကြမ်းဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်ဆိုတဲ့ အထောက်အထားမတွေ့ရှိရပါဘူး။ ဧပြီ ၈ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်ကို […]

Continue Reading