Fact Check: ဂျာမနီ Condor လေကြောင်းလိုင်းဖွင့်ပွဲက ရွှေတိဂုံပုံစံတူ ကိတ်မုန့် ကို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ဆင်နွှဲမှုအဖြစ် ဖော်ပြနေ

ရွှေတိဂုံပုံစံတူ ကိတ်မုန့်တစ်ခု နိုင်ငံခြားသားများခွဲနေဟန်ပုံကို  ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပွဲဆင်နွှဲမှုအဖြစ် လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ ဂျာမနီအခြေစိုက် လေကြောင်းလိုင်းတစ်ခုက ရန်ကုန်သို့ ပြေးဆွဲမှုစတင် ဖွင့်လှစ်ခြင်းအခမ်းအနားမှ မှတ်တမ်းဓာတ်ပုံဖြစ်တာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ရွှေတိဂုံဘုရားပုံကိတ်ကို နိုင်ငံခြားသားတွေလှီးပေးခဲ့တယ်လို့ရေးသားထားတဲ့ ဓာတ်ပုံပို့စ် “အရှင် အာသဘ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းနဲ့ အသုံးပြုပြီးရှာဖွေရာမှာ ဒီပို့စ်ပါဓာတ်ပုံကို ၂၀၁၄ ခုနှစ် ဧပြီဝန်းကျင်က ဘလော့ဂ်ပို့စ် အများအပြားမှာ တွေ့ရပါတယ်။ “ဂျာမနီနိုင်ငံ ဖရန့်ဖတ် လေဆိပ်ကနေ ရန်ကုန် လေဆိပ်ကို မရပ်မနား တိုက်ရိုက်ပျံသန်းမယ့် Condor ဂျာမနီ လေကြောင်း […]

Continue Reading