ဒေါ်အောင်ဆန်းစုကြည်ကဟာ ဉတ္တရသီရိမဲဆန္ဒနယ်ကဝင်ပြိုင်မယ်ဆိုတာ မဟုတ်ပါ
ဒေါ်အောင်ဆန်းစုကြည်ကဟာ နေပြည်တော် ဉတ္တရသီရိမဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်သွားမယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့လျက်ရှိပါတယ်။ “ဝန်ထမ်း အများဆုံးနေထိုင်သည့် နေပြည်တော် ဥတ္တရသီရိမြို့နယ်မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် ရွေးကောက်ပွဲဝင်မည်”စသည်ဖြင့် ရေးသားပြီး “မင်းသူ မင်းသူ”အမည်နဲ့ ဖေ့စ့်ဘွတ်သုံးစွဲသူက “Aung San Suu Kyi☑”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားပါတယ်။ Fb link Archive link “Yangon Nation”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်း အလားတူမျှဝေထားပြီး လွှတ်တော်ကိုယ်စားလှယ် “MP Maung Myint”ရဲ့အကောင့်မှာလည်း မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီအဖွဲ့ဝင် ဉီးကြည်တိုးကလည်း အောက်ပါအတိုင်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့်အသိပေးထားတာတွေ့ရပါတယ်။ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းစိစစ်ရွေးချယ်ခြင်းလုပ်ငန်းစဉ်ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပါသည်။မည်သူမည်သည့်မဲဆန္ဒနယ်မှဝင်ရောက်ယှဉ်ပြိုင်မည်ဆိုသည့်သတင်းများထွက်ပေါ်နေခြင်းမှာမဟုတ်မှန်ပါ။စိစစ်ရွေးချယ်ခြင်းပြီးဆုံးချိန်မှသာအဖွဲ့ချုပ်ကိုယ်စားပြုကိုယ်စားလှယ်လောင်းစာရင်းကိုတရားဝင်ထုတ်ပြန်သွားမည်ဖြစ်ပါသည်”လို့ ဉီးကြည်တိုးက ရေးသားထားပါတယ်။ ဒီလိုဒေါ်အောင်ဆန်းစုကြည် ဉတ္တရသီရီမဲဆန္ဒနယ်က ဝင်ပြိုင်မယ်လို့ ဒေါက်တာမျိုးညွှန့်ကပြောခဲ့တယ်လို့လည်း ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာပါဝင်ပါတယ်။ဒီအချက်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ အတွင်းရေးမှူး […]
Continue Reading