ဆေးခြောက်က COVID-19 ကို ကာကွယ်ကုသနိုင်တယ်ဆိုတဲ့ ခိုင်မာတဲ့အထောက် အထား မရှိသေးပါ
ဆေးခြောက်က COVID-19 ကို ကာကွယ်ကုသနိုင်တယ်ဆိုတဲ့ ပို့စ် လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Netguide Journal အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတဲ့ ဒီပို့စ်ကလင့်ခ်ကိုဖွင့်ကြည့်မယ်ဆိုရင် အောက်ပါအတိုင်းရေးသားထားပါတယ်။ ခေါင်းစဉ်မှာ “ဆေးခြောက်က COVID-19 ကို ကာကွယ်ကုသနိုင်ကြောင်း သိပ္ပံပညာရှင်းများ တွေ့ရှိ”လို့ ရေးသားထားပေမဲ့ COVID-19 ကိုကာကွယ်ကုသနိုင်သလားဆိုတာ သုတေသနတွေ ထပ်မံပြုလုပ်ရဉီးမယ်လို့လည်း ရေးသားထားပါတယ်။ Fb link Archive link COVID-19 ကပ်ရောဂါကို ကုသနိုင်မယ့်၊ ကာကွယ်နိုင်မယ့် ဆေးဝါး တစ်ချို့ဟာ လူနဲ့ စမ်းသပ်မှုအဆင့်မှာ ရလာဒ်ကောင်းတစ်ချို့ရှိထားပြီးဖြစ်ပေမဲ့ စမ်းသပ်ဆဲအဆင့်မှာပဲရှိနေသေးတာတွေ့ရပါတယ်။ ဆေးခြောက်က COVID-19 ကို ကုသနိုင်သလား ဆန်းစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် လောလောဆယ်အထိ ကာကွယ်နိုင်၊ ကုသနိုင်တယ်ဆိုတဲ့ဆေးကို အချက်အလက်ခိုင်ခိုင်မာမာ မတွေ့ ရသေး သလို ထောက်ခံချက်ပေးထားတဲ့ဆေးဝါးလည်းမရှိသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောကြားထားပါတယ်။ […]
Continue Reading