Fact Check: ကမ္ဘာကျော် ဒီဇိုင်နာနဲ့ စာရေးဆရာ Crisda Rodriguez မသေခင်ရေးခဲ့တဲ့ စာလား – မဟုတ်ပါ
ကမ္ဘာကျော် ဒီဇိုင်နာနဲ့ စာရေးဆရာ Crisda Rodriguez ကင်ဆာနဲ့ မသေခင်ရေးခဲ့တဲ့ စာဆိုပြီးတော့ ဓာတ်ပုံ ၂ ပုံနဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ အိန္ဒိယရုပ်ရှင် သရုပ်ဆောင် ဆိုနာလီ ဘင်ဒြရီ(Sonali Bendre)ရဲ့ ဓာတ်ပုံတွေသာဖြစ်တယ်။ ကင်ဆာနဲ့ ဆုံးပါးသွားတဲ့ ကမ္ဘောကျော် ဒီဇိုင်နာနဲ့ စာရေးဆရာ Crisda Rodriguez ရယ်လို့ မတွေ့ရပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ် ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “အစာအိမ်ကင်ဆာဖြင့် အသက် ၄၀ တွင် မသေဆုံးမီ ကမ္ဘာကျော် ဒီဇိုင်နာနှင့် စာရေးဆရာ “Crisda Rodriguez” က ရေးသားခဲ့သည် 1. ကျွန်တော့်ကားဂိုဒေါင်မှာ ကမ္ဘာ့စျေးအကြီးဆုံး ကားတစ်စင်းရှိခဲ့ပေမယ့် အခု ကျွန်တော် ဘီးတပ်ကုလားထိုင်နဲ့ ရွေ့နေရပါပြီ။ 2. […]
Continue Reading