Fact Check: လူသောင်းချီသေမယ့် မုန်တိုင်း မြန်မာပြည်ဝင်မယ်ဆိုတဲ့သတင်းမှား

မုန်တိုင်းကြီး ၃ ရက်ဆက်တိုက်ဖြစ်ပေါပြီး လူသောင်းချီသေဆုံးနိုင်တယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့မှုအားကောင်းခဲ့ပါတယ်။ ချဲ့ကားပြီးရေးသားထားတဲ့ နားလည်မှု လွဲစေနိုင်တဲ့ သတင်းမှားဖြစ်ပါတယ်။ “၃ရက်လုံးလုံးတိုက်မဲ့မုန်တိုင်ကြီး။လူသောင်းချီပါမှာ။ဒီသတင်းမလွတ်စေနဲ့”လို့ ရေးသားပြီး “Drama 77” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဇင်ဘာ ၇ ရက်နေ့က  စပြီး အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ မြန်မာနိုင်ငံကို ဝင်ရောက်ပြီး ၃ ရက်လုံးတိုက်မယ် ဆိုင်ကလုန်း Mandous ဟာ လူထောင်ချီသေစေနိုင်တာမို့  ဒီသတင်းကိုကြည့်ပါလို့လည်းရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဆိုင်ကလုန်း မန်ဒက်စ်ရဲ့နောက်ဆုံးအခြေအနေကို ဒီလင့်ခ်မှာကြည့်ပါ။ ဆိုင်ကလုန်း မန်ဒက်စ်( Cyclone Mandous )နဲ့ ပတ်သတ်ပြီး၂၄ နာရီမှ ၇၂ နာရီ […]

Continue Reading