Fact Check: ဒဂုံမြို့နယ် ဘုရားကြီးမဲရုံက မဲပုံးတွေကိုဖွင့်ဖောက်ပြီး တံဆိပ်တုံးထုနေတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်အမှား

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြိုနယ်ဘုရားကြီးမဲရုံအတွင်းထဲက သစ်တောဓမ္မာရုံမှာ မဲပုံးတွေကို ဖွင့်ဖောက်ပြီး တံဆိပ်တုံးထုနေတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်ဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ မျှဝေနေတာကို တွေ့ရပြီး ဒီပို့စ်ကို ပြန်လည်မျှဝေသူပေါင်း တစ်သောင်းကျော်ရှိတာကိုတွေ့ရပါတယ်။ “ဒဂုံမြို့နယ် ဘုရားကြီးမဲရုံ သစ်တောဓမ္မာရုံဝန်းထဲမှာ မဲဗုံးများအား ဖွင့်ဖောက်ပြီး စိတ်ကြိုက် တံဆိပ်တုံး ထုနေသော Video ပါ (မူရင်းအရေးအသားတိုင်း ဖော်ပြခြင်းဖြစ်ပါတယ်)”လို့ ခေါင်းစဉ်တပ်ထားပြီး ၂ မိနစ်နဲ့ ၃၁ စက္ကန့်ကြာတဲ့ ဒီဗွီဒီယိုဖိုင်ကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ ဒီဗွီဒီယိုဖိုင်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။ မူရင်းလင်ခ့် – FB Link  |  Archive Link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုဖိုင်မှာ ကြိုတင်မဲပုံးတွေ၊ မဲလက်မှတ်တွေနဲ့ ကြိုတင်မဲစာအိတ်လို့ ယူဆရတဲ့ စက္ကူစာအိတ်တွေကို တွေ့ရပြီး လူနှစ်ယောက်က မဲလက်မှတ်နဲ့ စက္ကူစာအိတ်တွေကို လုပ်ကိုင်နေတာကို […]

Continue Reading