ဆေးရုံကြမ်းခင်းပေါ်မှာ အိပ်ပျော်သွားတဲ့ ဆရာဝန်က လက်ရှိ COVID-19 နဲ့ ပတ်သက်ခြင်းမရှိ

COVID-19 ရောဂါဟာ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါဆိုးတစ်ခုအဖြစ် ကမ္ဘာ့ကျန်မားရေးအဖွဲ့က မတ် ၁၁ ရက်မှာပဲ ကြေညာခဲ့ပြီး ဧပြီ ၁၇ ရက်အထိ ကမ္ဘာတစ်ဝှမ်းကူးစက်ခံရသူ နှစ်သန်းကျော်နဲ့ ဒီရောဂါနဲ့သေဆုံးသူ ၁၄၀၀၀၀ ဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။ ဒီအထဲမှာ လူနာတွေနဲ့ နေ့စဉ်နဲ့အမျှ ထိတွေ့ဆက်ဆံနေရတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေလည်း အပါအဝင်ဖြစ်ပြီး အများအကျိုးအတွက် သူတို့ရဲ့ ဘဝတွေကို စတေးထားကြရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဟာ သာမန်ထက် ပင်ပန်းပြီး သာမန်အလုပ်ချိန်ထက်ပိုမိုတဲ့ အလုပ်ဖိအားနဲ့လည်းရင်ဆိုင်နေကြရတာမို့ ကမ္ဘာတစ်လွှာမှာ သူတို့ကို လေးစားချစ်ခင်ကြ၊ အားပေးကြ၊ ချီးမွှမ်းကြပါတယ်။ ဒီလိုပဲ “Kyaw Htun” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “Today News MM” စာမျက်နှာက ပို့စ်ကို “မြန်မာ့ သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားတာတွေ့ရပါတယ်။  “သူတို့လေး တွေအရမ်းပင်ပမ်းနေကြပြီ ဒါပေမယ့် သူတို့ […]

Continue Reading