၂၀၁၁ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဆူနာမီကို သူတို့အိမ်တွေအတွက် ဆုတောင်ပေးပါဉီးဆိုပြီး ထုတ်လွှင့်နေတဲ့ Facebook Live အကြောင်း
ဖေ့စ်ဘွတ်သုံးစွဲသူတွေအကြားမှာ “ဂျပန်နိုင်ငံမှာ tsunami ၊ သူတို့အိမ်ကို ဆုတောင်းပေးကြပါ ။ ဘုရားရေ!! “လို့ မြန်မာလို ပြန်ဆိုနိုင်တဲ့ “Tsunami in Japan, pray Them Home. OMG!!”ဆိုပြီး မူရင်းအင်္ဂလိပ်လိုရေးသားပြီး မျှဝေထားတဲ့ ဂျပန်နိုင်ငံက ဆူနာမီ Facebook live ဗွီဒီယိုကို ပြန်လည်မျှဝေနေကြတာတွေ့ရပါတယ်။ “Debimlivinglifemoore”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက Facebook live ဗွီဒီယိုကို ထုတ်လွှင့်ခဲ့ရာမှာ “Moe Htet”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “သတင္းစုံ(NEWS)”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုထဲမှာ ပြန်လည်မျှဝေ ထားပါတယ်။အလားတူပဲ “Aungsan Aungsan”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မျမန္မာ့ သတင္းစံု” အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link “Debimlivinglifemoore” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ၇ နာရီခွဲကျော်ကြာမြင့်တဲ့ […]
Continue Reading