Fact Check: အိုင်းစတိုင်းရဲ့ ၉ အလီမှားယွင်းရေးသားခဲ့တဲ့ ဇာတ်လမ်းက တကယ်မဟုတ်ပါ
လူတိုင်းအမှားမကင်းကြောင်း ကျောင်းသားတွေကို သင်ခန်းစာပေးတဲ့အနေနဲ့ ၂၀ ရာစုရဲ့လွှမ်းမိုးမှုအရှိဆုံး သိပ္ပံပညာ ပညာရှင် အဲလ်ဘတ် အိုင်းစတိုင်း(Albert Einstein)က ရည်ရွယ်ချက်ရှိရှိ ၉ အလီကိုမှားယွင်းရေးသား ခဲ့တဲ့ ဇာတ်လမ်းတစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ကြိမ်ဖန်များစွာမျှဝေလျှက်ရှိပြီး ပျံ့နှံ့မှုအားကောင်း လျှက်တယ်။ တကယ်တော့ ဒီဇာတ်လမ်းထဲလို ကတကယ်ပဲ အိုင်းစတိုင်းလုပ်ခဲ့သလားဆိုတာ အထောက်အထားမရှိပါဘူး။ အိုင်းစတိုင်းဟာ ကျောင်းသားတွေတွေကို အမှားလုပ်မိတာဟာ အရေးမကြီးဘဲ လူတိုင်းမှားတတ်ကြောင်း ပြသတဲ့အနေနဲ့ သူဟာ ၉အလီကို အစဉ်လိုက် ကျောက်သင်ပုန်းပေါ်ချရေးခဲ့ပြီး ၉ ကို ၁၀ နဲ့ မြောက်လို့ရတဲ့ ရလာဒ်ကိုတော့ ၉၁ အဖြစ် ရည်ရွယ်ချက်ရှိရှိ အမှားပြုလုပ်ခဲ့ပါတယ်။ ကျောင်းသားတွေက အမှားကိုမြင်တော့ ရယ်မောကြတဲ့အခါ အိုင်းစတိုင်းက သူကြိမ်ဖန်များစွာမှန်ခဲ့ပေမဲ့ သူ့ကို မချီးကျူးကြဘဲ သူတကြိမ် မှားယွင်းမှုကိုတော့ ကဲ့ရဲ့တတ်ကြတဲ့ […]
Continue Reading