Fact Check: ပုံစံ ၁၉ မှာ လက်မှတ်မထိုးသူတွေ နောက်ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်ခွင့်မပြုတော့ဘူးဆိုတဲ့ သတင်းအမှား

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေရဲ့မဲစားရင်းပုံစံ ၁၉မှာ လက်မှတ်မထိုးတဲ့ကိုယ်စားလှယ်လောင်းတွေကို နောက်ကျင်းပမဲ့ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုတော့ဘူးဆိုတဲ့ ပို့စ်ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီလိုရေးသားနေတဲ့ပို့စ်မှာ “ကြားရာအရပ်ကနေ အမြန်ဆုံးလက်မှတ်လာထိုးကြပါ ”လို့ ခေါင်းစဉ်နဲ့  “UEC ပြတ်သားပြီ ပြည်ထောင်စုလွှတ်တော် ၃၉၉ နေရာဖြင့် NLD အနိုင်ရကြောင်း UEC ထုတ်ပြန်။ အနိုင်ရပါတီ အစိုးရဖွဲ့ခွင့်ရှိပြီ။ ပုံစံ( ၁၉ )လက်မှတ်မထိုးသော အမတ်လောင်းများ နောက်တစ်ကြိမ် အမတ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုတော့ပါ။ UEC”လို့ ရေးသားနေကြတာကိုတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။ ဒီလိုမျိုးပို့စ်တွေကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာကို တွေ့ရပါတယ်။ မူရင်းလင်ခ့် – FB Link  |  Archive Link အချက်အလက်စိစစ်ချက် ဒီလိုရေးသားနေတဲ့ပို့စ်နဲ့ပတ်သက်ပြီး တရားဝင်မီဒီယာတွေမှာ ဒီလိုသတင်းမျိုး ဖော်ပြထားတာမတွေ့ရပါဘူး။ နိုဝင်ဘာလ ၁၁ရက်နေ့မှာပြုလုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် […]

Continue Reading

Fact Check: ဒဂုံမြို့နယ် ဘုရားကြီးမဲရုံက မဲပုံးတွေကိုဖွင့်ဖောက်ပြီး တံဆိပ်တုံးထုနေတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်အမှား

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြိုနယ်ဘုရားကြီးမဲရုံအတွင်းထဲက သစ်တောဓမ္မာရုံမှာ မဲပုံးတွေကို ဖွင့်ဖောက်ပြီး တံဆိပ်တုံးထုနေတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်ဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ မျှဝေနေတာကို တွေ့ရပြီး ဒီပို့စ်ကို ပြန်လည်မျှဝေသူပေါင်း တစ်သောင်းကျော်ရှိတာကိုတွေ့ရပါတယ်။ “ဒဂုံမြို့နယ် ဘုရားကြီးမဲရုံ သစ်တောဓမ္မာရုံဝန်းထဲမှာ မဲဗုံးများအား ဖွင့်ဖောက်ပြီး စိတ်ကြိုက် တံဆိပ်တုံး ထုနေသော Video ပါ (မူရင်းအရေးအသားတိုင်း ဖော်ပြခြင်းဖြစ်ပါတယ်)”လို့ ခေါင်းစဉ်တပ်ထားပြီး ၂ မိနစ်နဲ့ ၃၁ စက္ကန့်ကြာတဲ့ ဒီဗွီဒီယိုဖိုင်ကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ ဒီဗွီဒီယိုဖိုင်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။ မူရင်းလင်ခ့် – FB Link  |  Archive Link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုဖိုင်မှာ ကြိုတင်မဲပုံးတွေ၊ မဲလက်မှတ်တွေနဲ့ ကြိုတင်မဲစာအိတ်လို့ ယူဆရတဲ့ စက္ကူစာအိတ်တွေကို တွေ့ရပြီး လူနှစ်ယောက်က မဲလက်မှတ်နဲ့ စက္ကူစာအိတ်တွေကို လုပ်ကိုင်နေတာကို […]

Continue Reading

Fact Check: NLDရဲ့ မင်းကင်းကိုယ်စားလှယ်လောင်းဒေါက်တာကျော်လင်းမဲခိုးပြီး နိုင်သွားတယ်ဆိုတဲ့ သတင်းအမှား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီကနေ မင်းကင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးကျော်လင်းက မဲခိုပြီး အနိုင်ရတာဖြစ်ကြောင်းကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီလိုရေးသားနေတဲ့ပို့စ်တွေမှာ “ဦးကျော်လင်းမဲခိုးမှုပေါ်ပြီ”ဆိုတဲ့ခေါင်းစဉ်နဲ့ “*ပါတီပေါင်းများစွာက ကန့်ကွက်လိုက်တဲ့ ရွေးကောက်ပွဲ မဲစာရင်းရလာဒ် ပုံစံ ၁၉ ကို လက်မှတ်ထိုးခြင်းမပြုဆိုတဲ့ ပါတီတွင်း ညွှန်ကြားစာကတရားဝင် ထုတ်ပြန်ချက်အစစ်ဖြစ်ပါသည်။*ရွေးကော်UECက မင်းကင်းမဲစာရင်းကို မထုတ်ပြန်ရဲပါ (ထုတ်ပြန်လျင် ဦးကျော်လင်းမဲခိုးမှုမယ် အပြုံလိုက်ထောင်ကျမည်)၊*မဲကိုဒီလိုခိုးခဲ့သည် *UECက မဲစာရင်း နမူနာကိုပုံစံတူရယူပြီး မင်းကင်းမြို့နယ်nldအကွက်မယ် တံဆိပ်တုံးကြိုရိုက်တဲ့ မဲစာရင်းစာရွက်တွေကို မဲရုံတွေဆီ ကြိုဖြန့်ခဲ့တယ်(ပန်းဆက်.တောင်တွင်း.မင်းကင်း.သံပေါက် လောင်းပြည့် ဇင်ကလဲ ထီဇလုပ် ဝက်ပုတ် ဆီကာ နယ်ဘက်က မဲစာရင်းလူအရေအတွက်ကို အရင်ယူခဲ့တယ်လို့ မဲခိုးရာမှာပါဝင်သူများက တဆင့်ပြောပြပါတယ်”လို့ စသဖြင့်ရေးသားနေတာကိုတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။ အလားတူ ဒီပို့စ်ကို ပြန်လည်ကူးယူဖော်ပြနေတာကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေမှာ […]

Continue Reading