Fact Check: လှိုင်သာယာ epc ရုံး ဗုံးခွဲခံရတဲ့ဓာတ်ပုံလား-မဟုတ်ပါ
လှိုင်သာယာ epcရုံး ဗုံးခွဲမှုလို့ရေးသားပြီး လမ်းမထက်ကနေ လှမ်းမြင်နေတဲ့ မီးခိုးမည်းတွေဖုံးအုပ်နေတဲ့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူအများအပြားကပြန်လည်မျှဝေလျှက်ရှိတာတွေ့ရပါတယ်။ သို့သော် ဒီဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် မတ်လထဲမှာ လှိုင်သာယာက ဆန္ဒပြအတားအဆီးတွေကို မီးရှို့ထားပုံ ဖြစ်ပါတယ်။ “လှိုင်သာယာ epcရုံး🍍🍍🍍 မင်္ဂလာမနက်ခင်းပါ။ 29.1.2022”လို့ရေးသားပြီး “အောင်ကျော် မင်း”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဇန်နဝါရီ ၂၉ ရက်က မျှဝေထားရာမှာ ၃ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၃၀၀ ဝန်းကျင်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link တူညီတဲ့ရေးသားမျှဝေထားတာတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာ မှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် လှိုင်သာယာရွှေလင်ဗန်း EPC ရုံးနဲ့ စက်မှု့ဇုန်(EPC)ရုံးကိုတော်လှန်ရေးအဖွဲ့ ၄ ဖွဲ့ပေါင်းပြီးဖောက်ခွဲခဲ့တယ်လို့ ပါဝင်တဲ့အဖွဲ့ ၄ ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ […]
Continue Reading