ခရစ်ယာန်များကို မွတ်ဆလင်ဘာသာကူးပြောင်းရန် တူရကီသမ္မတအမိန့်ပေးဆိုတဲ့ သတင်းမှား

နိုင်ငံတွင်းရှိ ခရစ်ယာန်များကို မွတ်ဆလင်ဘာသာကူးပြောင်းရန် တူရကီသမ္မတအမိန့်ပေးဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက် သုံးစွဲသူတွေ အကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ “သော်ဝတီ စိုးမိုး”အမည်နဲ့ “လေထန်အရပ်ကအဖြစ်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူမျှဝေထားတဲ့ ပို့စ်ကို screeshot ရိုက်ပြီး မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ ပို့စ်မှာ Myanmar Top News အမည်နဲ့ ယူကျူချန်နယ်တစ်ခုက သတင်းခေါင်းစဉ်တစ်ခုကိုပြန်လည်မျှဝေထားတာလည်းတွေ့ရပါတယ်။ ဒီပို့စ်မှာပါတဲ့ screenshot မှာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နောက်ပိုင်းကစပြီး တူရကီမှာရှိတဲ့ခရစ်ယာန်တွေဟာ မိမိသာသာ အသာတကြည် ဘာသာကို စွန့်လွှတ်ပြီး ဘုရားကျောင်းတွေကို အပြီးတိုင်ဖျက်သိမ်း ဗလီ အဖြစ် ပြောင်းလဲမယ်လို့ ပြည်သူတွေကို တူရကီသမ္မတက ပြောကြားခဲ့တယ်ဆိုပြီး ရေးသားထား တာတွေ့ရ ပါတယ်။ Fb link Archive link အလားတူ “Siemeeai”အမည်နဲ့​ဖေ့စ်ဘွတ်သုံးစွဲသူ ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် […]

Continue Reading