လက်သန့်ဆေးရည်ကြောင့် လက်ဖဝါးတွေ အရေခွံတွေ လောင်ကျွမ်းနိုင်လား

လက်သန့်ဆေးရည်ကြောင့် လက်ဖဝါးတွေ အရေခွံတွေ လောင်ကျွမ်းသွားခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန် ယက်မှာသုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။  “ကိုရိုနာဗိုင်းရပ်စ်ကို အကြောင်းပြုပြီး ရောင်းနေကြသော လက်ဆေးရည်အတု ပုလင်းအန္တရာယ် သတိပြုပါ” ဆိုပြီးတော့ “Khine Myint”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုက မျှဝေထားတာဖြစ်ပါတယ်။ ဒီပို့စ်မှာ လက်ဆံဆေးရည် အတုအဖြစ် Farah အမည်နဲ့ပုလင်းပုစံလည်း ဖော်ပြထားပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် Google မှာ “farah hand sanitizer”လို့ ရိုက်ရှာမယ်ဆိုရင် ဒီအမှတ်တံဆိပ်ဟာ အိုမန်နိုင်ငံပိုင်ဆပ်ပြာမှုန်လုပ်ငန်း ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး အိုမန်ကျန်းမာရေးဝန်ကြီးဌာနရဲ့အတည်ပြုချက်ရရှိထားတယ်လို့လည်း အိုမန်အခြေစိုက် သတင်းတွေမှာ ဖော်ပြတာတွေ့ပေမဲ့ ဒီလက်သန့်ဆပ်ပြာကြောင့် ပုံမှာပြထားသလို တစ်စုံတစ်ရာထိခိုက်မှုရှိတယ်ဆိုတဲ့ သတင်းအထောက်အထားမျိုးမတွေ့ရပါဘူး။ အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ Link1 Link2 […]

Continue Reading