Fact Check: ပြင်သစ် သမ္မတနန်းတော်ရှေ့မှာ တမန်တော်ကိုစော်ကားလို့ ဆန္ဒ ပြနေကြတာလား- မဟုတ်ပါ
ပြင်သစ်မှာ တမန်တော်ကိုစော်ကားလို့ ဆန္ဒပြနေကြတယ်လို့ရေးသားပြီး ဗွီဒီယိုတစ်ခုကို လူမှုကွန်ယက်မှာ မျှဝေနေလျက်ရှိတာ တွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ပြင်သစ် သမ္မတ နန်းတော်ရှေ့မှာ တမန်တော်ကိုစော်ကားလို့ ဆန္ဒပြနေကြတယ်လို့ ရေးသား မျှဝေနေတာဖြစ်ပါတယ်။ ဒီလိုမျှဝေနေတဲ့ အချက်အလက်တွေဟာ မှားယွင်းပြီးပြီး ဒီဗွီဒီယိုဟာ ဂျာမနီနိုင်ငံ ဟန်းဘတ်မြို့မှာ တရုတ်နိုင်ငံက ယူဂါမွတ်ဆလင်တွေကို ဖိနှိပ်မှုကို ကန့်ကွက်ဆန္ဒပြကြတုန်းက ဗွီဒီယိုဖြစ်တာ Fact Crescendo Myanmar ကတွေ့ရှိပါတယ်။ ပြင်သစ်သမ္မတနန်းတော်ရှေ့မှာ ဒီလို မွတ်ဆလင်တွေ ဆန္ဒပြတယ်ဆိုတဲ့ အထောက်အထားမျိုး မတွေ့ရှိတာလည်းတွေ့ရပါတယ်။ “ပြင်သစ် သမ္မတ ရဲ့နန်းဆောင် ရှေ့မှာ တမန်တော် ကိုစော်ကားလို့ ဆန္ဒ ပြနေကြတဲ့ အီမာန့်ရှင်များ” လို့ရေးသား ပြီး “Ei Lae Aung”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောင်ပါအတိုင်းမျှဝေထားပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် […]
Continue Reading